
238
views
views
အရည်အချင်းရှိပြီး ကြိုးစားတဲ့လူတယောက်အတွက် ထိုက်တန်တဲ့နေရာတခုဆိုတာ အမြဲရှိပါတယ်။
အရည်အချင်းရှိပြီး ကြိုးစားတဲ့လူတယောက်အတွက် ထိုက်တန်တဲ့နေရာတခုဆိုတာ အမြဲရှိပါတယ်။
ပွဲဆက်တွေဝေးပြီး ပရိတ်သတ်တွေနဲ့ ထိတွေ့ဖို့ အလှမ်းကျဲနေပေမယ့် သူမဝါသနာပါရာ kickboxing ကို ယောင်္ကျားသားများနဲ့ လယ်ဘယ်တူ မခိုမကပ်တမ်းလေ့ကျင့်နေတဲ့ ပုံရိပ်တွေကို Vero ရဲ့ ဆိုရှယ်မီဒီယာမှာ မကြာခဏတွေ့ရမှာပါ။
သူမဟာ ပျော်ပျော်နေတတ်သလို အစအနောက်လဲ သန်တာကြောင့် သူမ videoတွေက ပရိတ်သတ်တွေမကြာခဏရယ်မောရစေပါတယ်။
သူမလေ့ကျင့်နေတဲ့ တိုက်ဂါး မွေထိုင်ကလပ်မှာလဲ လေ့ကျင့်ဖော်တွေကို မကြာခဏစနောက်တတ်တာ တွေ့မြင်ရပါတယ်။
သူမရဲ့ လေ့ကျင့်မှုနဲ့ ဇွဲနပဲတွေကြောင့်ပဲ ယခုတော့ ထိုက်တန်တဲ့နေရာတခုကို One Promotion ကြီးကနေ စာချုပ်ခေါ်ယူလိုက်ပြီမို့ မကြာခင် One ရဲ့ထိပ်တန်းပွဲစဉ်တွေမှာ ဆက်တိုက်တွေ့မြင်ရတော့မယ်ဆိုတာ သေချာနေပါပြီ။
ကဲ စောင့်မျှော်အားပေးဖို့ အသင့်ပြင်ထားကြပါစို့ဗျာ။
Comments
0 comment