ချစ်သူကိုလုံးဝစိတ်ကုန်ပြီး ထွက်သွားဖို့ တွန်းပို့နေတဲ့ သဝန်ကြောင်နည်း(၅) မျိုး
ချစ်သူကိုလုံးဝစိတ်ကုန်ပြီး ထွက်သွားဖို့ တွန်းပို့နေတဲ့ သဝန်ကြောင်နည်း(၅) မျိုး
ချစ်သူကိုလုံးဝစိတ်ကုန်ပြီး ထွက်သွားဖို့ တွန်းပို့နေတဲ့ သဝန်ကြောင်နည်း(၅) မျိုး

သမီးရည်းစား ချစ်သူတွေရယ်လို့ ဖြစ်လာပြီဆိုရင်တော့ တစ်ဖက်နဲ့တစ်ဖက် သဝန်တိုတာမျိုးလေးတွေတော့ ရှိကြစမြဲပါပဲ။ ချစ်တာကို။ ဒါပေမဲ့လည်း သဝန်တိုတာ ချစ်ဖို့ကောင်းအောင် သဝန်တိုလို့ရပေမယ့်လို့ သဝန်တိုတယ်ဆိုတဲ့ အကြောင်းအရင်းရဲ့နောက်ကွယ်ကနေပြီး ရန်တွေဖြစ်၊ ပြဿနာတွေတက်၊ တစ်ဖက်သားရဲ့ pravicy ကို လိုက်ချိုးဖောက်နေမယ်ဆိုရင်တော့ ဒါဟာ အဆိပ်အတောက်ဖြစ်စေတဲ့ သဝန်ကြောင်နည်းမျိုး ဖြစ်နေပါပြီ။ ဒီတော့ ချစ်သူကို ထွက်သွားစေဖို့ ဖြစ်လာနိုင်တဲ့ သဝန်ကြောင်နည်း (၅) နည်းဆိုတာ ဘယ်လိုတွေများလဲ ကြည့်လိုက်ရအောင်လား။

 

(၁) ဖုန်းကိစ္စ

 

ချစ်သူရဲ့ဖုန်းကို သူခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ဇိုးခနဲဇက်ခနဲ ကောက်ဖွင့်တာမျိုး၊ ကောက်စစ်တာမျိုးတွေ လုပ်တာဟာ တော်တော်လေး ယဉ်ကျေးမှုမရှိတဲ့ လုပ်ရပ်တစ်ခုပါပဲ။ Messenger တွေ၊ text box တွေအထိ နှံ့နှံ့စပ်စပ် လိုက်ကြည့်တာမျိုး၊ password တွေအကုန်လုံးကို အတင်းတောင်းတာမျိုးတွေဟာ လုံးဝကိုမလုပ်သင့်တဲ့အရာတွေပါပဲ။

 

(၂) စကားတောင်မပြောခိုင်းဘူး

 

ဆန်ကျင်ဖက်လိင်နဲ့ စကားမပြောခိုင်းတာမျိုးကတော့ တော်တေ်ာလေးကို ဆိုးရွားတဲ့လုပ်ရပ်ပါပဲ။ သူငယ်ချင်းလည်းမသိဘူး၊ လူမှုရေးလည်း နားမလည်ဘူး၊ အလုပ်အတွက်ဆိုလည်း မရဘဲ တခြားမိန်းကလေး၊ တခြားယောက်ျားလေးနဲ့ စကားပြောနေပြီဆိုရင်တော့ ရန်ဖြစ်ရတာမျိုးတွေဟာ မရင့်ကျက်တဲ့ ရူးနှမ်းနှမ်းအတွေးအခေါ်တွေပါပဲ။

 

(၃) အပြင်သွားတာ၊ လာတာ

 

ကိုယ့်ချစ်သူ ဘယ်တွေသွားနေလဲ၊ ဘာတွေလုပ်နေလဲ စသဖြင့် စိတ်ပူတာတော့ ပူတာဖြစ်ပေမယ့်လို့ တစ်ယောက်တည်း ထိုင်ပြီးတော့ သဝန်တွေကြောင် ချစ်သူအပြင်သွားတာနဲ့ ဖုန်းတွေ တဂွမ်ဂွမ်ဆက်၊ နင်အိမ်မပြန်ရင် ငါနဲ့ ပြတ်ပြီ စသဖြင့် ခြိမ်းခြောက်တာမျိုးတွေ။ ကိုယ်မပါဘဲ အပြင်မသွားခိုင်းတာမျိုးတွေ လုပ်မိနေမယ်ဆိုရင် ချစ်သဖြစ်တာနဲ့ သူ့ကို ကိုယ်မပိုင်သွားဘူးဆိုတာကို သတိရပေးပါ။

 

(၄) ချစ်တယ်ဆိုတဲ့စကားကို အလွဲသုံးစားလုပ်ခြင်း

 

သဝန်ကြောင်တဲ့အတွက် အရာတိုင်းကို လိုက်ချုပ်ချယ်နေမယ်၊ နောက်ဆုံးမှာ ချစ်လွန်းလို့ပါဆိုတဲ့ စကားကို တွင်တွင်သုံးတတ်တဲ့လူမျိုးဆိုရင်တော့ ဒါဟာ ချစ်သူကို ချစ်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ချစ်လို့ အတ္တကြီးတဲ့လူဆိုတာ သေချာနေပါပြီ။

 

(၅) မဆိုင်တဲ့လူတွေကို သွားရန်တွေ့မယ်

 

ဖုန်းထဲက မှတ်ထားတဲ့ နံပါတ်တွေပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူပုံအောက်မှာ react ပေးတာတို့ စသဖြင့် သဝန်တိုရတဲ့လူတွေကို မဆီမဆိုင်သွားပြီး ရန်တွေ့မယ်ဆိုရင်လည်း မှန်ကန်တဲ့လုပ်ရပ်တစ်ခုမဟုတ်ပါဘူး။ အတင်းနင်းကာရော ချစ်သူကို လာပြီး ကြောင်နေတာမျိုးမဟုတ်ရင် ဘာမှ တုန့်ပြန်ဖို့ မလိုအပ်သလို၊ အဲလိုလူတွေရှိလာခဲ့ရင်လည်း ကိုယ့်ချစ်သူက ပါမနေဘူးဆိုရင် ချစ်သူကိုလည်း ဘာမှ အပြစ်တင်စရာအကြောင်းမရှိပါဘူး။

 

penny

Comments

https://myanmarceletube.com/assets/images/user-avatar-s.jpg

0 comment

Write the first comment for this!