“သူငယ်ချင်းလိုပဲနင့်ကိုခင်တယ်”ဆိုတဲ့အဆင့်မရောက်အောင်လုပ်နည်း
“သူငယ်ချင်းလိုပဲနင့်ကိုခင်တယ်”ဆိုတဲ့အဆင့်မရောက်အောင်လုပ်နည်း
“သူငယ်ချင်းလိုပဲနင့်ကိုခင်တယ်”ဆိုတဲ့အဆင့်မရောက်အောင်လုပ်နည်း

ယောက်ျားလေးတွေတော်တော်များများ ကိုယ်ကြိုက်တဲ့ကောင်မလေးကို လိုက်ရင်းနဲ့နောက်ဆုံးတော့ ကောင်မလေးရဲ့

သူငယ်ချင်းအဖြစ် သိမ်းသွင်းတာကိုခံလိုက်ရတယ်။ နင့်ကိုသူငယ်ချင်းလိုပဲခင်တယ်။ အစ်ကိုတစ်ယောက်လိုပဲခင်တယ်

စတဲ့စကားတွေကြောင့် ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်ဖြစ်သွားတတ်ပါတယ်။ ပိုဆိုးတာက ကိုယ့်ရှေ့တင်နောက်တစ်

ယောက်ကိုတွဲနေခြင်းပါ။ တကယ်တော့ ဒီလိုဖြစ်သွားတာ သင့်ကြောင့်လည်းပါပါတယ်။

 

 

အကြောင်းရင်းများကတော့

 

ကောင်မလေးတွေနားကို နီးကပ်လွန်းတာဟာ မှန်ကန်တဲ့ချည်းကပ်နည်းမဟုတ်ပါဘူး။ သင်ကတော့ဒါဟာ နီးစပ်ရဖို့

အကောင်းဆုံးနည်းလမ်းလို့ထင်ပေမယ့် သူက သင့်ကိုသူငယ်ချင်းအဖြစ်သိမ်းသွင်းသွားပါလိမ့်မယ်။

 

သင်ကအမြဲတမ်းအကြည့်ချင်းလည်းမဆုံဘူး။ စိတ်ဝင်စားကြောင်းလည်း တစ်စက်ကလေးမှမပြဘူးဆိုရင် မိန်းကလေး

တွေက သင်စိတ်ဝင်စားနေကြောင်းကို လုံးဝသိမှာမဟုတ်ပါဘူး။

 

သင့်ကိုသူက ချစ်သူတစ်ယောက်အနေနဲ့ ဘယ်လိုမှခံစားလို့မရဘူး။ သင်ရဲ့အပြုအမူတွေဟာ Romanticမဖြစ်ပဲ

စိတ်အနှောက်အယှက်ဖြစ်ဖွယ်ကောင်းနေလိမ့်မယ်။

 

သင်က သူမဟာ ချောလွန်းတယ်။ ဒါမှမဟုတ်ချမ်းသာလွန်းတယ် စတဲ့အတွေးတွေကြောင့် သူမကိုပိုင်ဆိုင်ဖို့မကြိုး

စားပဲ သူမရဲ့ပိုင်ဆိုင်ခြင်းကိုပဲလက်ခံခဲ့တယ်။

 

ရုပ်ရှင်ထဲမှာတော့ ဒါမျိုးတွေက ဖြစ်နေကျပါ။ ကောင်မလေးနားမှာနေပေး။ သူ့ရည်းစားနဲ့အဆင်မပြေရင် မျက်ရည်

သုတ်ပေး။ နောက်ဆုံးတော့ သင်နဲ့ညား။ ဒါမျိုးတွေးနေရင်တော့ သင်စိတ်ကူးယဉ်လွန်းနေပါပြီ။

 

ဒီအခြေအနေကိုရှောင်ရှားနည်းများကတော့

 

သူမပြဿနာတွေအကြောင်းမပြောပါနဲ့။ သူမပျော်ရွှင်ရတဲ့အရာတွေ၊ သူမကြိုက်တဲ့ဇာတ်လမ်းတွေ၊ သူမလည်ခဲ့တဲ့

နေရာတွေ၊ သူမရဲ့အားလပ်ရက်အစီအစဉ်တွေ၊ စတာမျိုးတွေပြောပါတယ်။ ချိန်းတွေ့တဲ့ပုံစံမျိုးပြောပါ။ သူမကို သင်

သဘောကျနေကြောင်းသိပါစေ။

 

သူမအနားမှာ အခြားသူငယ်ချင်းတွေရှိနေရင် ဖြစ်နိုင်ရင် စကားသွားမပြောပါနဲ့။ မဖြစ်မနေဆိုတဲ့ဟာမျိုးမှပြောပါ။

သူမတစ်ယောက်တည်းရှိနေတဲ့အချိန်မျိုးမှ စကားပြောဖို့ ကြိုးစားပါ။ သူမနဲ့အတူအချိန်ကုန်ရတာကိုကြိုက်ကြောင်း

ဖော်ပြပါ။ နှုတ်ကထုတ်မပြောပါနဲ့။ တစ်နေရာရာမှာ တွေ့ဖို့လည်း မချိန်းပါနဲ့အုံး။

 

 

သူမကို အားနေမြှောက်နေတာမျိုးမလုပ်နဲ့။ သင်အဲ့ဒိလိုလုပ်နေရင်သူသိပါတယ်။ သူမတကယ်ကြည့်ကောင်းတဲ့

အခါ ကြည့်ကောင်းကြောင်းချီးကျူးပါ။

 

ဥပမာ သူမနဲ့အတူလမ်းဖြတ်ကူးခါနီးမှာ သူမလက်ကိုဆွဲပြီးကူးတာမျိုး၊သူမကို ဘုရင်မတစ်ပါးကိုစောင့်ရှောက်သလို

စောင့်ရှောက်ပါ။ သူမသဘောကျလာပါလိမ့်မယ်။

 

တစ်ခါတစ်လေ သူမကိုလက်ဆောင်လေးတွေပေးပါ။ ဒါပေမယ့် သူမကိုဘယ်သူမှမပြောပြဖို့ ကတိတောင်းတာမျိုး

လုပ်ပါ။ Secretsလေးတွေထားခြင်းက ၂ယောက်ကြားမှာ Romanticဖြစ်စေပါတယ်။

 

အထက်ပါနည်းလမ်းတွေကြောင့်သင်ဟာဘယ်တော့မှ သူငယ်ချင်းဆိုတဲ့အဆင့်ကိုရောက်သွားမှာမဟုတ်ပါဘူး။

ဒီလိုမှမဟုတ်ရင်တော့ မိန်းကလေးတော်တော်များများက သင့်ကိုသူငယ်ချင်းအဖြစ်သိမ်းသွင်းသွားပါလိမ့်မယ်။

 

Source: lovepanky

Comments

https://myanmarceletube.com/assets/images/user-avatar-s.jpg

0 comment

Write the first comment for this!