စစ်ဘေးဒဏ်ကို သူတို့ပါခံစားနေရတဲ့ ယူကရိန်းရှိ အိမ်မွေးတိရိစ္ဆာန်လေးများ
စစ်ဘေးဒဏ်ကို သူတို့ပါခံစားနေရတဲ့ ယူကရိန်းရှိ အိမ်မွေးတိရိစ္ဆာန်လေးများ
စစ်ဘေးဒဏ်ကို သူတို့ပါခံစားနေရတဲ့ ယူကရိန်းရှိ အိမ်မွေးတိရိစ္ဆာန်လေးများ
လေကြောင်းအချက်ပေး ဥဩသံတွေ ဆူညံနေတဲ့ ယူကရိန်းမြို့ကြီးတွေမှာ အားလုံးက ကိုယ့်အိမ်ကို ဒီအတိုင်းပစ်ထားပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
ဒီလိုမျိုး ထွက်ပြေးကြတဲ့အခါ ကိုယ့်ရဲ့အချစ်တော် ခွေးလေး ကြောင်လေးတွေကိုလည်း ချန်မထားရက်ဘဲ တပါတည်း ကြိုးစားခေါ်ဆောင်နေကြတာကို ရင်နင့်စဖွယ် မြင်တွေ့ရပါတယ်။
 
ဒါကြောင့် ခွေးလေးတွေနဲ့အတူ ထွက်ပြေးလာကြသူတွေကို ကူညီဖို့ ရိုမေးနီးယား၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတွေက တိဂေဟာတွေ အဆင်သင့် စောင့်ကြိုနေကြပါပြီ။
ယူကရိန်းနိုင်ငံတွင်းက တိဂေဟာတွေရဲ့ ဝန်ထမ်းတွေကတော့ ဘယ်ကိုမှ မသွားဘဲ ဂေဟာမှာ ရှိနေတဲ့ ကလေးတွေနဲ့အတူ နောက်ဆုံးအချိန်ထိ အတူတူနေဖို့ ဆုံးဖြတ်ထားကြပါတယ်။
 
ဒါ့အပြင် ကိုယ့်ခွေးလေးတွေကို တပါတည်း ခေါ်ဆောင်မသွားနိုင်မယ့် သူတွေအ​နေနဲ့ သူတို့ဆီမှာ လာရောက်အပ်နှံပေးကြဖို့လည်း ဖိတ်ခေါ်လျက် ရှိပါတယ်။
မေတ္တာလက်နက်နဲ့ အစွမ်းကုန် တိုက်ပွဲဝင်နေကြတဲ့ အဲဒီသူရဲကောင်းတွေအတွက် ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်နော် 🙏
📸 Credits

Comments

https://myanmarceletube.com/assets/images/user-avatar-s.jpg

0 comment

Write the first comment for this!