views
Relationship တစ်ခုမှာ စိတ်ခံစားချက်ကို ယှဉ်ကြည့်မယ်ဆိုရင် မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ပိုပြီးတော့ စိတ်ဆိုးစိတ်ကောက် လွယ်လေ့ရှိတတ်ပါတယ်။ ကိုယ့်ချစ်သူ မိန်းကလေးတစ်ယောက် စိတ်ဆိုးစိတ်ကောက်နေရင်တော့ ချော့ရပြုရ လွယ်ပါတယ်။ ဒါပေမယ် ကိုယ့ချစ်သူ စိတ်ပျက်သွားတဲ့အခါမျိုးမှာတော့ အဲဒီအချိန် သူတို့စိတ်ထဲမှာ ဖြစ်ပျက်သွားတဲ့အရာဟာ တစ်သက်လုံး အမှတ်ထင် ကျန်နေတတ်လေ့ ရှိကြပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ မိန်းကလေး အများစုဟာ ဘယ်လိုအချိန်မျိုးမှာ သူတို့ချစ်သူကောင်လေးတွေကို စိတ်ပျက်ပြီး ထားသွားလေ့ရှိသလဲဆိုတဲ့ အကြောင်းအရာလေးကို ပြောပြပေးသွားချင်ပါတယ်။
ပထမဦးဆုံး အနေနဲ့ ချစ်သူမိန်းကလေးတွေ စိတ်ပျက်လေ့ရှိတဲ့ အရာမျိုးက ကတိတစ်ခုကို လွယ်လွယ်ပေးပြီး လွယ်ချိုးဖောက်တတ်တဲ့ အကျင့်ပါ။ ဥပမာ- သင်က ဒီနေ့ ဘော်ဒါတွေနဲ့ ချိန်းထားလို့ သင့်ချစ်သူကောင်မလေးကို အသိမပေးပဲ အပြင်ထွက်လာတယ်ဆိုပါစို့။ သင်ဘော်ဒါတွေနဲ့ ဆုံနေတဲ့ အချိန်မှာမှ သင့်ချစ်သူက သင့်ကို ဖုန်းဆက်ပြီး ဘယ်ရောက်နေလဲလို့ မေးမှာပါပဲ။ သင်ကတော့ ဘော်ဒါတွေနဲ့ အပြင်သွားတာ၊ သူတို့ ရုတ်တရက်လာခေါ်လို့ ကိုယ်ကလိုက်သွားရတာ ဘာညာလျှောက်ပြောမှာပါပဲ။ ပြီးတာနဲ့ နောက်တစ်ခါ အပြင်သွားရင် သူ့ကိုပြောသွားပါ့မယ်ဆိုပြီး လွယ်လွယ်လေး ကတိပေး၊ ဒါပေမယ့် နောက်အခေါက်တွေမှာလည်း သင်ဘာမှမပြောပဲ အပြင်တွေသွားနေမယ်ဆိုရင် သူကတော့ သင့်ကို ဘာမှမပြောပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲမှာ တဖြည်းဖြည်းနဲ့ သင့်ကို စိတ်ပျက်လာပြီး နောက်ဆုံး သူ့ဖက်က စတင်လမ်းခွဲသွားပါလိမ့်မယ်။
နေက်တစ်ချက်ကတော့ နောက်မီးလင်းပြီး ဖောက်ပြန်တဲ့ ကိစ္စပါ။ Relationship တစ်ခုမှာ ဖောက်ပြန်တဲ့ ကိစ္စကို ကြည့်လိုက်မယ်ဆိုရင် ယောကျာ်းလေးတွေက ပိုပြီးဖောက်ပြန်လေ့ ရှိတတ်ပါတယ်။ မိန်းကလေးတွေလည်း ဖောက်ပြန်ပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေလောက်တော့ များပါဘူး။ ထားပါတော့။ သင်ကတော့ သင့်ချစ်သူ ကောင်မလေး မသိလောက်ဖူးထင်ပြီး နောက်ကောင်မလေးတစ်ယောက်နဲ့ ဖောက်ပြန်နေပါတယ်။ သ်ငဖောက်ပြန်တဲ့ ကိစ္စကို သင့်ချစ်သူကောင်မလေး မသိဖူး မထင်ပါနဲ့။ သူသိပါတယ်။
ဒါပေမယ့် သင့်ဖက်က သူ့ကို ထားသွားမှာစိုးတာရယ်၊ သင်ရှက်သွားမှာစိုးတာရယ်၊ သင့်စိတ်ညစ်အောင် မလုပ်တာတွေရယ်ကြောင့် ဖွင့်မပြောတာပါ။ နေရာတိုင်းမှာ မျက်စိတွေ နားတွေ ရှိသလို မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူကောင်လေး ဖောက်ပြန်တာကို အလိုလို သိနိုင်ပြီး ခံစားသိမြင်နိုင်တဲ့ စိတ်တစ်ခု ရှိပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ချစ်သူမိန်းကလေးအပေါ် သနားပြီး တစ်ကယ်ချစ်တဲ့ ယောကျာ်းတွေကတော့ ကိုယ့်ချစ်သူဆီကိုပဲ ပြန်သွားလေ့ရှိပါတယ်။ တစ်ချို့တွေကျပြန်တော့လည်း ငါလုပ်လို့ရတယ်၊ ငါကဆရာကြီးပဲဆိုတဲ့ စိတ်နဲ့ သူ့ချစ်သူမသိအေင် တစ်ယောက်ပြီး တစ်ယောက် ထားတတ်ကြပါတယ်။ အဲဒီလို ယောကျာ်းမျိုးတွေ နောင်တရတဲ့နေ့ကတော့ သူ့ချစ်သူ မိန်းကလေးဖက်ကနေပြီး စလမ်းခွဲတဲ့နေ့ပါပဲ။
နောက်ဆုံးတစ်ခုကတော့ ကိုယ့်ကောင်လေး အလုပ်အကိုင်မရှိပဲ အလေလိုက်နေတဲ့ အချိန်တွေ များလာတဲ့ တစ်နေ့ပါ။ ဘယ်ချစ်သူကောင်မလေးမဆို ကိုယ့်ချစ်သူကို အလုပ်အကိုင် ရှိစေချင်တာ မိန်းကလေးတိုင်းရဲ့ စိတ်ကူးပါပဲ။ မိဘချမ်းသာနေရင်တောင်မှ ကိုယ့်လမ်းကိုယ်ဖောက်နိုင်တဲ့ ယောကျာ်းလေးမျိုးကို မိန်းကလေးတွေက သဘောကျတတ်ပါတယ်။ မဟုတ်ပဲနဲ့ အလုပ်အိကုင်လည်းမရှိ၊ တစ်နေကုန်အလေလိုက်ပြီး Date တဲ့အချိန်တိုင်း မိန်းကလေးဖက်ကပဲ အကုန်အကျခံနေရတာ အတိုင်းအတာတစ်ခု ကျော်သွားရင်တော့ အဲဒီမိန်းကလေးဟာ သူတို့ချစ်သူတွေကို ရင်နာနာနဲ့ပဲ လမ်းခွဲလိုက်ကြပါတယ်။
Pyi Hein Kyaw
Comments
0 comment