BLACKPINK အဖွဲ့ဝင် လီဆာရဲ့ တစ်ကိုယ်တော်အသက်မွေးဝမ်းကြောင်းဘဝအကြောင်းမှတ်တမ်းရုပ်ရှင်ထွက်ရှိမယ်
BLACKPINK အဖွဲ့ဝင် လီဆာရဲ့ တစ်ကိုယ်တော်အသက်မွေးဝမ်းကြောင်းဘဝအကြောင်းမှတ်တမ်းရုပ်ရှင်ထွက်ရှိမယ်
BLACKPINK အဖွဲ့ဝင် လီဆာရဲ့ တစ်ကိုယ်တော်အသက်မွေးဝမ်းကြောင်းဘဝအကြောင်းမှတ်တမ်းရုပ်ရှင်ထွက်ရှိမယ်

ကိုရီးယားဒိတ်ဒိတ်ကြဲအဆိုအဖွဲ့ BLACKPINK ရဲ့အဖွဲ့ဝင် လီဆာရဲ့တစ်ကိုယ်တော်အသက်မွေးဝမ်းကြောင်းဘဝအကြောင်းမှတ်တမ်းရုပ်ရှင်သစ်ထုတ်လုပ်ရိုက်ကူးဖို့ လုပ်ဆောင်နေပါတယ်။ ဒီအကြောင်းကို Sony Music Vision ထုတ်လုပ်ရေးကုမ္ပဏီက ထုတ်ပြောခဲ့တာဖြစ်ပြီး Lloud Co/RCA Records၊ Tremolo Poroductions တို့နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

 

ဒါရိုက်တာ Sue Kim ရိုက်ကူးခဲ့တဲ့ ဒီမှတ်တမ်းရုပ်ရှင်ကBLACKPINK အဖွဲ့ဝင်အဖြစ်မဟုတ်ပဲ တစ်ကိုယ်တော်အဖြစ် လီဆာရဲ့တစ်နှစ်တာပတ်လုံးအသက်မွေးဝမ်းကြောင်းဘဝအကြောင်းဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဘယ်တော့ထွက်ရှိမယ်ဆိုတာကိုတော့ ထုတ်ပြောထားခြင်းမရှိသေးပါဘူး။

လီဆာဟာ BLACKPINK အဖွဲ့ဝင်အဖြစ်ရော တစ်ကိုယ်တော်အဆိုတော်အဖြစ်ပါ တော်တော်အောင်မြင်နေတာဖြစ်ပါတယ်။ သူက တစ်ကိုယ်တော်အယ်လ်ဘမ် Alter Ego ထွက်ရှိထားပြီး Coachella မှာ သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။ The White Lotus Season 3 မှာလည်း ပါဝင်ခဲ့ပါတယ်။

Ref: BLACKPINK’s Lisa to release solo career documentary

WL ( ရိုးရာလေး)

Comments

https://myanmarceletube.com/assets/images/user-avatar-s.jpg

0 comment

Write the first comment for this!