မင်းသားကြီး Jackie Chan ရဲ့ လူကြိုက်အများဆုံး ဇာတ်ကား ၅ ကား
မင်းသားကြီး Jackie Chan ရဲ့ လူကြိုက်အများဆုံး ဇာတ်ကား ၅ ကား
မင်းသားကြီး Jackie Chan ရဲ့ လူကြိုက်အများဆုံး ဇာတ်ကား ၅ ကား

ဟောင်ကောင်ရဲ့ ကမ္ဘာကျော် အက်ရှင်မင်းသားကြီး Jackie Chan ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိရှိကြပြီး ဖြစ်မှာပါ။ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ Jackie Chan ဟာ အခုအချိန်မှာဆိုရင်တော့ အသက်ကြီးနေပြီဖြစ်ပေမယ့် တစ်ချိန်တုန်းက သူရဲ့ ထွက်ခဲ့သမျှ အက်ရှင်ဇာတ်ကားတိုင်းလိုလိုဟာ ကြည့်လို့ကောင်းတဲ့ အက်ရှင်ဇာတ်ကားတွေချည်းပါပဲ။ Jackie Chan ရဲ့ ထူခြားချက်ကတော့ သူရိုက်ခဲ့သမျှ ဇာတ်ကားတိုင်းရဲ့ အက်ရှင်ခန်းတိုင်းလိုလိုမှာ လုံးဝလူစားမထိုးပဲ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ မင်းသားကြီး Jackie Chan ရဲ့ လူကြိုက်အများဆုံး ဇာတ်ကား ၅ ကားကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

၁။ Police Story

Jackie Chan ရဲ့ ပထမဦးဆုံးသော Police Story ဇာတ်ကားဟာ ၁၉၈၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Jackie Chan ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ထုတ်လုပ်ခဲ့တဲ့ Action/Crime ဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Police Story ဇာတ်ကားဟာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တာကြောင့် Police Story 2, New Police Story, Police Story:Lockdown အစရှိသဖြင့် Police Story ကို စီးရီးလိုက် ရိုက်းကူးခဲ့ရတာ ဖြစ်ပါတယ်။

၂။ Rush Hour

Rush Hour ဇာတ်ကားဟာဆိုရင်လည်း Jackie Chan နဲ့အတူ မင်းသားကြီး Chris Tucker တို့ရဲ့ အပေးအယူအမျှဆုံး ဇာတ်ကားစ်ကား ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ဲတဲ့ Rush Hour ဇာတ်ကားဟာ ပရိသတ်တွေ သဘောကျပြီး Box office ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၄.၄ သန်းကျော်အထိ ရရှိခဲ့တာကြောင့် Rush Hour 2 နဲ့ Rush Hour 3 အထိပါ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

၃။ The Tuxedo

 

၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကိုတော့ နာမည်ကြီး ဒါရိုက်တာ Kevin Donivan က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မင်းသားကြီး Jackie Chan ပါဝင်ရိုက်ကူးတဲ့ The Tuxedo ဇာတ်ကားဟာ Kid’s Choice Award for Favourite Female Buttkicker ဆုနဲ့ Kid’s Choice Award for Favourite Male Buttkicker ဆုနှစ်ဆုကိုပါ ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ထူးဆန်းတဲ့ အနောက်တိုင်း ဝတ်ဆုံကို ဝတ်ဆင်မိခဲ့လို့ ကိုယ့်ကိုယ်တောင်မသိပဲနဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့ရတဲ့ လူတစ်ယောက်ရဲ့ဘဝကို ရိုက်ကူးပြသထားတဲ့ Action/Comedy ဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်။

၄။ Shanghai Noon

 

၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Shanghai Noon ဇာတ်ကားကိုတော့ ဒါရိုက်တာ Tom Dey က ရိုက်ကူးခဲ့ပြီး Jackie Chan အပြင် မင်းသားကြီး Owen Wilson ရဲ့ သရုပ်ဆောင်မှုတွေကိုပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။ တရုတ်နန်းတွင်းက မင်းသမီးကို ကယ်တင်ဖို့ အနောက်နိုင်ငံကို ရောက်ရှိခဲ့တဲ့ Jackie Chan ဟာ မထင်မှတ်တဲ့ အလွဲတွေကြောင့် ရထားဓားပြဖြစ်သူ Owen Wilson နဲ့ ပေါင်းမိကာ ဓားပြဘဝကို ရောက်ရှိခဲ့တာပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဘယ်လိုအလွဲတွေဖြစ်ပြီး မင်းသမီးကို ဘယ်လိုပုံစံတွေနဲ့ ကယ်တင်မလဲဆိုတာကို ပါးစပ်မစေ့နိုင်အောင် ရယ်မောပြီး ကြည့်ရှု့ရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

၅။ Around The World In 80 Days

 

၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကိုတော့ လူတော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါတယ်။ မင်းသားကြီး Jackie Chan ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့အပြင် နာမည်ကြီးစာရေးဆရာ Jules Verne ရဲ့ စွန့်စာခန်းဝတ္ထုစာအုပ်တစ်အုပ်အပေါ်မှာ မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ရက်ပေါင်း ၈၀ အတွင်းမှာ ကမ္ဘာကြီးကို ဘယ်လိုပုံစံနဲ့ ပတ်မလဲဆိုတာကို အထာကျကျ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Pyi Hein Kyaw

Comments

https://myanmarceletube.com/assets/images/user-avatar-s.jpg

0 comment

Write the first comment for this!