တတိယ ကမ္ဘာစစ်ဖြစ်ခဲ့ရင် စစ်ဘေးမှ လွတ်မြောက်နိုင်သော နိုင်ငံများ
တတိယ ကမ္ဘာစစ်ဖြစ်ခဲ့ရင် စစ်ဘေးမှ လွတ်မြောက်နိုင်သော နိုင်ငံများ
တတိယ ကမ္ဘာစစ်ဖြစ်ခဲ့ရင် စစ်ဘေးမှ လွတ်မြောက်နိုင်သော နိုင်ငံများ

တတိယ ကမ္ဘာစစ်ဖြစ်ခဲ့ရင် စစ်ဘေးမှ လွတ်မြောက်နိုင်သော နိုင်ငံများ

 

၂၁ ရာစုမှာ နိုင်ငံတိုင်းလိုလို ခေတ်မှီလက်နက်ဆန်းတွေကို ပိုင်ဆိုင်ထားကြပြီး နိုင်ငံကြီးတွေကြားမှာလည်း မငြိမ်မသတ်မှုတွေ ရှိနေကြပါတယ်။ နိုင်ငံအချင်းချင်းစစ်မဖြစ်ပွားဖို့အတွက် ကုလသမဂ္ဂက ငြိမ်းချမ်းရေး ဆောက်ရွက်မှုများကို အလေးထား လုပ်ဆောင်နေပေမယ့်လည်း ခေါင်းမာတဲ့ နိုင်ငံတွေ ရှိနေတာကြောင့် တစ်ကယ်လို့ စစ်ကြီးသာဖြစ်လာရင် ဘယ်သူမှ တားစီးလို့ ရမယ်မထင်ပါဘူး။ (တချို့လည်း ပြောကြပါတယ် ..။ တတိယကမ္ဘာစစ်ဖြစ်ရင် ကမ္ဘာကြီး အပြီးတိုင် ပျက်စီးသွားမယ်လို့ ပြောတာတွေလည်း ရှိပါတယ်။)

တချို့နိုင်ငံကြီး အများစုက နျူကလီယား လက်နက်တွေကို ပိုင်ဆိုင်ထားကြပြီး စစ်ကြီးသာဖြစ်ရင် သူထက်ငါအရင် ဆော်​ဖို့ အသင့်အနေအထားမှာ ရှိနေကြပါတယ်။ ယခုလည်း အမေရိကန်နဲ့ အီရန်တို့အကြား အီရန် စစ်ဗိုလ်ချုပ် ဆိုလေမာနီအသတ်ခံရမှုနဲ့ ပါတ်သတ်ပြီး တင်းမာမှုတွေ ရှိနေကြပါတယ်။

ဒီလိုမျိုးစစ်ကြီးတွေဖြစ်လာရင် ငါတို့ စစ်ဘေးကလွတ်အောင် ဘယ်လိုရှောင်တိန်းလို့ရမလဲဆိုတဲ့ အတွေး ကျွန်တော်တို့ ခေါင်းထဲ့မှာ ရှိနေကြမှာပါ။ ဘယ်သူမှတော့ စစ်ကြီးကိုတော့ တမင်သက်သက် မျှော်လင့်မနေကြပါဘူး။

ဒါပေမယ့် တတိယမ္ဘာစစ်ကြီးသာဖြစ်ခဲ့ရင် လွတ်မြောက်နိုင်တဲ့ နိုင်ငံတွေ ရှိပါတယ်။ စစ်ဘေးမှ လွတ်မြောက်နိုင်သော နိုင်ငံတချို့ကတော့ ကျွန်းနိုင်ငံတွေဖြစ်ကြပါတယ်။ စစ်ဖြစ်လာရင် ကျွန်းနိုင်ငံတွေကို ကျူးကျော်ဝင်ရောက်ဖို့ ရာခိုင်နှုန်းဟာ အလွန်နည်းပါးတယ် လို့ ယူဆလို့ရပါတယ်။ တချို့နိုင်ငံတွေကတော့ ကမ္ဘာ့ငြိမ်းချမ်းရေး ညွှန်းကိန်းအများဆုံး နိုင်ငံတွေဖြစ်ကြပါတယ်။

အဆိုပါ နိုင်ငံတွေဟာ  အလွန်သေးငယ်တဲ့ နိုင်ငံတွေဖြစ်ကြပြီး လူဦးရေလည်း အင်မတန်မှ နည်းပါတယ်။ ဒါကြောင့် နိုင်ငံကြီးတွေဟာ သူတို့နိုင်ငံတွေကို အလေးထားပြီး ကျူးကျော်ဝင်ရောက် တိုက်ခိုက်ဖို့ ရာခိုင်နှုန်းလည်း နည်းပါတယ်။ အခု ကျွန်တော် ဖော်ပြပေးသွားမှာက အကယ်လို့ တတိယ ကမ္ဘာစစ်ဖြစ်ခဲ့ရင် စစ်ဘေးမှ လွတ်မြောက်နိုင်တဲ့ နိုင်ငံ (၁၀) နိုင်ငံကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

Switzerland (ဆွစ်ဇာလန်)

ဆွစ်ဇာလန်နိုင်ငံဟာ တောင်တန်းတောင်ကုံးတွေကြားထဲ့မှာ တည်ရှိတာဖြစ်ပြီး စစ်ဖြစ်လာရင် နိုင်ငံကို အရံသင့် ကာကွယ်နိုင်ဖို့ ကာကွယ် ခေတ်မှီစစ်လက်နက်တွေနဲ့ ပိုင်ဆိုင်ထားတဲ့ စစ်တပ်ကြီးလည်း ရှိပါတယ်။ ဂျာမဏီ ၊ ပြင်သစ် ၊         အီတလီ စတဲ့နိုင်ငံကြီးတွေနဲ့ ကြားထဲ့မှာ တည်ရှိတယ်ဆိုပေမယ့် အဆိုပါ နိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ နောက်ပြီးတော့ ဆွစ်ဇာလန်နိုင်ငံရဲ့ နိုင်ငံရေးမူဝါဒက ကြားနေဝါဒကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ လူဦးရေ (၉) သန်းနီးပါးသာ ရှိတဲ့ ဆွစ်ဇာလန်နိုင်ငံကို ဘယ်လို စစ်ဘေး အန္တာရယ်ပဲလာလာ သူတို့ကို ကာကွယ်ပေးနိုင်မယ့် တောင်တန်းကြီးတွေနဲ့ ဘေးနားက ဆက်ဆံရေး ကောင်းမွန်တဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေက တည်ရှိနေပါတယ်။

 

Tuvalu (တူဗာလူ)

ဒီနိုင်ငံကိုတော့ သင်ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်..။ ဒီနိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာရှိတဲ့ ကျွန်းနိုင်ငံလေး ဖြစ်ပါတယ်။ လူဦးရေအားဖြင့် (၁၅၀၀၀) နီးပါးသာ ရှိတာဖြစ်ပြီး မြို့နယ်တစ်မြို့စာလောက်တောင်မရှိတဲ့ လူဦးရေပမဏဖြစ်ပါတယ်။

တူဗာလူ နိုင်ငံဟာ သမုဒ္ဒရာတွင်းမှာ တည်ရှိတာဖြစ်တာကြောင့် အခြားနိုင်ငံကြီးတွေနဲ့လည်း အတော်လေးဝေးကွာပါတယ်။ ဒါ့အပြင် စစ်ဖြစ်ခဲ့ရင်တောင် သူတို့နိုင်ငံက ဘာသယံဇာတမှ မထွက်တာကြောင့် တူဗာလူ နိုင်ငံကို ဘယ်သူမှ ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှာ မဟုတ်ပါဘူး။

 

New Zealand (နယူးဇီလန်)

နယူးဇီလန်နိုင်ငံဆိုရင်လည်း ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်တောင်ဘက်မှာ ရှိတဲ့ နိုင်ငံတစ်နိုင်ဖြစ်ပြီး လူဦးအားဖြင့် (၅) သန်းခန့်သာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လူဦးရေနည်းပါးပြီး နိုင်ငံငယ်လေးလို့ ဆိုပေမယ့် ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။နိုင်ငံရေးမှာဆိုရင်လည်း ဘယ်နိုင်ငံနဲ့မှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ တစ်သီးတသန့်နေထိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

စစ်ဖြစ်လာရင်လည်း သူတို့ကို အကာအကွယ်ပေးနိုင်တဲ့ တောင်းတန်းတွေလည်း တည်ရှိနေပြီး အငတ်ဘေးကြုံလာရင်တောင်မှ သူ့တို့အတွက် ပူစရာမလိုပါဘူး ။ သန့်ရှင်းသောရေ ၊ ကောင်းမွန်တဲ့ မြေဩဇာမြေ ၊ အစားအစာတွေ အလုံအလောက်ရှိတာကြောင့် အငတ်ဘေးက သူတို့အတွက် ပြသာနာတစ်ရပ်အနေနဲ့လည်း ရှိမနေပါဘူး။

ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးညွှန်းကိန်းမှာလည်း နံပါတ် (၂) နေရာမှာ ရပ်တည်နေတာကြောင့် အခြားနိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ဆိုရပါမယ်။

 

Bhutan (ဘူတန်)

ဒီနိုင်ငံလေးကတော့ အားလုံးရင်းနှီးပြီးသားဖြစ်သလို့ အာရှမှာရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဘူတန်နိင်ငံဟာ UN လို့ခေါ်တဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အခြားသော နိုင်ငံတွေနဲ့ သဘောထားကွဲလွဲမှုတွေမရှိဖို့ သဘောတူညီမှုရရှိထားပြီး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့လည်း သံတမန်ဆက်ဆံရေးမရှိတဲ့နိုင်ငံဖြစ်တာကြောင့် နိုင်ငံရေး အရှုတ်အထွေးကင်းတဲ့ နိုင်ငံလို့လည်း ဆိုနိုင်ပါတယ်။

ဘူတန်နိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စစ်ဖြစ်ရင်တောင်မှ တောင်တန်းတွေက ဝန်းရံထားတဲ့အတွက်ကြောင့် စစ်ဘေးကို ကောင်းကောင်းကြီး အကာအကွယ်ပေးနိုင်ပါတယ်။

 

Chile (ချီလီ)

ချီလီ နိုင်ငံဟာ တောင်အမေရိကနိုင်ငံတွေကထဲ့က အဖွံ့ဖြိုးဆုံး နဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ချီလီဟာ အခြား လက်တင် အမေရိကနိုင်ငံတွေထက် ဖွံ့ဖြိုးမှု အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ချီလီနိုင်ငံမှာ လူဦးရေ (၁၈) သန်းကျော်နေထိုင်ပြီး တိုင်းပြည်ရဲ့ အနောက်ဘက်မှာရှိတဲ့  အင်ဒီးတောင်တန်းတွေက ချီလီနိုင်ငံကို အကာအကွယ်ပေးထားပါတယ်။

 

Iceland (အိုက်စလန်)

အိုက်စလန်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ အငြိမ်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားကြပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးညွှန်းကိန်းမှာ ၂၀၀၈ ခုနှစ်ကတည်းက ခုချိန်ထိ နံပါတ် (၁) ချိတ်ဆွဲထားနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဘယ်နိုင်ငံနဲ့မှလည်း နယ်နမိတ်ခြင်း ထိစပ်မှုမရှိဘဲ တချို့နိုင်ငံတွေနဲ့ ပါဝင်ပါတ်သတ်မှုတွေ ရှိနေရင်တောင်မှ အရှုတ်အထွေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူး။

အိုက်စလန်ဟာ စစ်ဖြစ်လာရင် တောင်တန်းတွေ အများကြီးက သူတို့ကို အကာအကွယ်ပေးနိုင်ပါတယ်။

Greenland (ဂရင်းလန်း)

ဂရင်းလန်းနိုင်ငံဟာ မြောက်အတ္တလန်တိတ် နဲ့ အတိတ် သမုဒ္ဒရာကြားမှာ တည်ရှိတဲ့ နိုင်ငံတစ်နိုင်ဖြစ်ပါတယ်။ လူဦးရေ အားဖြင့်  (၆၀၀၀၀) တောင်မပြည့်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိုက်စလန်နိုင်ငံလိုပဲ ဝေးလံခေါင်ဖျားတဲ့ ဒေသမှာတည်ရှိပါတယ်။

ဒီဒေသဟာ ကမ္ဘာ့မျက်နှာပြင် အာတိတ်စက်ဝိုင်း အထက်ဘက်မှာတည်ရှိတာဖြစ်ပြီး  ဆယ်နှစ်ရာသီကာလလုံး အေးခဲ့တဲ့ အအေးပိုင်းဒေသဖြစ်ပါတယ်။

ဂရင်းလန်နိုင်ငံဟာ စစ်ဖြစ်လာရင်လည်း တောင်တန်းတွေ အများကြီးရှိတာကြောင့်  အကာအကွယ်ပေးအများကြီး ပေးနိုင်တဲ့ဒေသ ဖြစ်ပါတယ်။

Malta (မော်လ်တာ )

ဒီနိုင်ငံကို တချို့သူတွေလည်း ကြားဖူးနားဝရှိကြပါလိမ့်မယ်။ ဒီနိုင်ငံဟာ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စစ္စလီကျွန်းနှင့် မြောက်အာဖရိက ကမ်းရိုးတန်းကြားမှာ တည်ရှိပါတယ်။ မက်ဒီတေးရီးယန်ဒေသရဲ့ ကျွန်းနိုင်ငံလေး တစ်နိုင်ငံဖြစ်ပြီး လူဦးရေ (၅) သိန်းခန့်သာနေထိုင်ကြပါတယ်။

ဒီနိုင်ငံလေးကို နိုင်ငံအတော်များများက သိမ်းပိုက်ဖို့ကြိုးစားခဲ့ကြပေမယ် သိမ်းပိုက်ဖို့ စရိတ်စကကြီးမားတာကြောင့်         လက်ရှောင်ခဲ့ကြပါတယ်။ မော်လ်တာ နိုင်ငံကို နျူကလီယားလက်နက်တစ်လုံး ပစ်ချရုံနဲ့ သိမ်းပိုက်နိုင်ပေမယ့် အဲ့ဒီ နျူကလီယားတစ်လုံးစာတောင် မတန်ဘူးလို့ ဆိုပါတယ်။

Ireland (အိုင်ယာလန်)

ဒီနိုင်ငံကတော့ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်နိုင်ဖြစ်ပေမယ့် စစ်ရေးရာမှာ ဘယ်နိုင်ငံနဲ့မှ စွက်ဖက်မှုမရှိဘဲ တသီးတသန့်နေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၉၃၀ ကတည်းက ခုထိ ငြိမ်းငြိမ်းချမ်းချမ်းနေလာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ကြားနေဝါဒကို ကျင့်သုံးပြီး NATO အဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပါဘူး။

အိုင်ယာလန်နိုင်ငံဟာ ပြင်ပစစ်ဘက်ရေးရာ ကိစ္စတွေမှာ ပါဝင်ပါတ်သတ်ချင်ရင် အိုင်ရစ်ဥပဒေအရ ကုလသမဂ္ဂ ရဲ့ခွင့်ပြုချက်၊ အိုင်ယာလန် အစိုးရနှင့် အိုင်ယာလန် ဥပဒေပြုလွတ်တော်တို့က အတည်ပြုမှ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

Fiji (ဖီဂျီ)

လူဦးရေအနည်းငယ်သာ ရှိတဲ့ ဖီဂျီနိုင်ငံဟာ သမုဒ္ဒရာအတွင်းမှာ တည်ရှိတဲ့ ကျွန်းနိုင်လေး တစ်နိုင်ငံ ဖြစ်ပါတယ်။ အခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်နမိတ်ချင်းထိစပ်မှုမရှိတာကြောင့် သီးခြားရပ်တည်တဲ့ နိုင်ငံလို့ဆိုနိုင်ပါတယ်။ အခြားနိုင်ငံကြီးတွေ မက်​မော်လောက်အောင် သယံဇာတလည်း ပေါပေါများများ မရှိတာကြောင့် ဘယ်နိုင်ငံကမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှာ မဟုတ်ပါဘူး။

အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံတွေဟာ တတိယကမ္ဘာစစ်ဖြစ်ခဲ့ရင် စစ်ဘေးကနေ လွတ်မြောက်နိုင်တဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။ အချုပ်အားဖြင့်ဆိုရသော် စစ်ဘေးမှကင်းလွတ်နိုင်တဲ့ နိုင်ငံအများစုဟာ အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့အပြင် စစ်ဘက်ရေးရာမှာ ပါဝင်ပါတ်သတ်မှုနည်းတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။ အဆိုပါနိုင်ငံတွေမှာ သဘာဝ သယံဇာတ အများအပြားမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြတာကြောင့် နိုင်ငံကြီးတွေ သဘောမကျစေတဲ့ အချက်ဖြစ်ပါတယ်။

 

Comments

https://myanmarceletube.com/assets/images/user-avatar-s.jpg

0 comment

Write the first comment for this!