သူ့ကို အမှုမကြီးကြီးအောင် လုပ်နေတယ်ဆိုကာ ဒါရိုက်တာဝိုင်းကို ဒဲ့ရှင်းလိုက်တဲ့ ယုန်လေး

ပရိတ်သတ်ကြီးရေ အဆိုတော်ယုန်လေးကတော့ သူကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ သီချင်း MV ကြောင့် မကြာသေးခင်က ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စကြောင့် ရုပ်ရှင်အစည်းအရုံးမှ အဆိုတော် ယုန်လေးအား အနုပညာလုပ်ကိုင်ခွင့် တစ်နှစ် ပိတ်ကာ အရေးယူခဲ့တာပါ။

ယုန်လေးကတော့ လက်ရှိမှာ အွန်လိုင်းကြော်ညာများ ရိုက်ကူးကာ ပရိတ်သတ်တွေနဲ့ အဆက်မပြတ် ရှိနေခဲ့ပါတယ်။ ယခုတခါမှာတော့ ယုန်လေးကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ ကြော်ညာဟာ -ိင်ပိုင်းဆိုင်ရာ ခွဲခြားမှု နှောင့်ယှက်မှုတွေ ပါဝင်နေခဲ့တယ်ဆိုကာ ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

အဆိုပါ ဝေဖန်ထောက်ပြသူတွေထဲမှာ အနုပညာရှင်အချို့လည်း ပါဝင်နေပါတယ်။ ဒါရိုက်တာ ဝိုင်းကတော့ သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ” ယုန်ကို အာရုံရောက်နေရင် နောက်က မိထားတဲ့ ကျား လွတ်သွားလိမ့်မယ်။ လက်မည်းတာကောနဲ့ အာဏာရှင်တွေက အာရုံလွှဲတဲ့ ဗြူဟာ သိပ်ကျွမ်းကျင်တာ ” ဆိုကာ ပရိတ်သတ်တွေကို သတိပေးစကား ပြောဆိုခဲ့ပါတယ်။

အဆိုပါ ဒါရိုက်တာ ဝိုင်းရဲ့ ပို့စ်နဲ့ ပက်သက်ပြီး ယုန်လေးကတော့ အခုလိုပဲ တုန့်ပြန်ရေးသားခဲ့ပါတယ်။ ” ကိုဝိုင်း ရေ အစ်ကို့ ကြည့်ရတာ အကုသိုလ် များလိုက်တာဗျာ .ကျွန်တော် အစ်ကို အနုပညာကို လေးစားတဲ့ လူပါ . အစ်ကို့ ကို တစ်ခါ မှ Foul မထုဖူးပါဘူး .တွေ့တိုင်း လည်း လေးလေးစားစားဆက်ဆံပါတယ် .

ဘယ်လို ဖြစ်လို့ . နိုင်ငံရေး ထဲ လိုက်ဆွဲထည့်နေတာလဲ.ဘယ်သူကရော MI STAR ကြေညာကို စိတ်ဝင်စားခိုင်းလို့လဲ. . .မိန်းကလေး အကောင့်အစစ်တွေတစ်ချို့ တကယ်သူတို့ကြည့်ရတာ အဆင်မပြေဖြစ်သွားလို့ . ဆဲတယ် .နောက်ကျွန်တော် အလုပ်လုပ်ရင်ပို သတိထားရမယ် ဒီလောက်ပဲ မဟုတ်ဖူးလား .အမူ့မကြီးကြီး အောင်ဆွဲချဲ့ကျတယ် .ကြီးသွားတော့ အာရုံလွှဲအောင်လုပ်တယ်ဆိုပြီးထပ်စွတ်ဆွဲတယ် . အနုပညာ အလုပ်အကုန်ရပ်ပေးစေချင်တာလား .Fb ပါရွေးကောက်ပွဲ ပြီးမှ သုံးရတော့မှာလားဗျာ ” ဆိုကာ တုန့်ပြန်ခဲ့တာပါ။

ပရိတ်သတ်ကြီးကရော ယုန်လေးရဲ့ ယခု ဝေဖန်ခံနေရတဲ့ ကြော်ညာဗီဒီယိုနဲ့ ပက်သက်ပြီး ပရိတ်သတ်တွေရဲ့ အမြင်လေးကိုလည်း ပြောခဲ့ပါဦးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တယောက်စီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ရှင်။