ခြေထောက်အနံ့ထွက်လို့စိတ်ညစ်နေသလား
ခြေထောက်အနံ့ထွက်လို့စိတ်ညစ်နေသလား
ခြေထောက်အနံ့ဆိုးထွက်တာကစိတ်မသက်မသာဖြစ်စရာကောင်းပါတယ်

ခြေထောက်အနံ့ထွက်လို့စိတ်ညစ်နေသလား

23 Jun 2020     1,171 Views

ခြေထောက်အနံ့ဆိုးထွက်တာကစိတ်မသက်မသာဖြစ်စရာကောင်းပါတယ်။ ခြေသည်းတွေလှီးဖြတ်တာ၊ခြေသည်းအသားမာတွေကိုဖယ်ရှားတာနဲ့ ခြေဖနှောင့်အရေပြား၊ချော့မွေ့အောင်လုပ်တာတွေကိုလုပ်ဆောင်တာ တောင်မှခြေထောက်အနံ့ဆိုးထွက်နေလို့စိတ်ညစ်နေပါသလား။ ပျှမ်းမျှအားဖြင့်ခြေထောက်မှာချွေးဂလင်းတစ်သိန်းနှစ်သောင်းခန့် ရှိပြီးချွေးထွက်တဲ့အခါဘက်တီးရီးယားတွေထွက်လာပြီးမကောင်းတဲ့ အနံ့ဆိုးတွေထွက်လာတတ်ပါတယ်။ ခြေထောက်အနံ့ဆိုးထွက်လို့စိတ်ညစ်နေသူတွေအတွက်အောက်ပါ နည်းလမ်းတွေနဲ့ထိန်းချုပ်နိုင်ပါတယ်။

(၁)လေဝင်လေထွက်ကောင်းတဲ့ချည်သားခြေအိတ်ကိုဝတ်ဆင်ပြီးခြေအိတ်မဝတ်ခင်ပေါင်ဒါမှုန့်လိမ်းထားရင်ချွေးတွေကို စုပ်ယူနိုင်ပြီးခြောက်သွေ့အေးမြနေပါလိမ့်မယ်။

 

(၂)ရှူးဖိနပ်တွေကိုအနံ့အသက်ထိန်းတဲ့ Deodorizer စပရေဖျန်းပေးပါ။ ဒါမှမဟုတ်ဖိနပ်တွေကိုဆေးကြောတဲ့အခါအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေသေသွားအောင်ရေနွေးသုံးပေးပါ။

 

(၃)ဆော်ဒါမှုန့်ဟာအနံ့ဆိုးတွေကိုထိထိရောက်ရောက်စုပ်ယူနိုင်စေပါတယ်။ ရှူးဖိနပ်ထဲမှာဆော်ဒါမှုန့်ထမင်းစားဇွန်းတစ်ဇွန်းပက်ဖြန်းပြီးနေလှန်းထားပါ။

 

(၄)ခြေထောက်ကိုရေနွေး၊ဘက်တီးရီးယားကင်းစေတဲ့ ဆပ်ပြာသုံးပြီးပုံမှန်ဆေးကြောပေးပါ.ခြေထောက်ကိုတစ်ပတ်သုံးကြိမ်ခန့် ဆားခါးရေထဲစိမ်ပေးပါ။ 10-20မိနစ်ခန့်စိမ်ပေးတာကြောင့်ခြေထောက်အနံ့ဆိုးထွက်တာနဲ့ချွေးထွက်တာကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေသေစေချင်ရင်ဆားခါးရေထဲကိုလက်ဖက်ဆီ ဒါမှမဟုတ်စမုန်စပါးဆီအစက်အနည်းငယ်ထည့်ပေးပါ။

 

(၅)လက်ဖက်ခြောက်ခတ်ထားတဲ့ရေထဲမှာခြေထောက်ကိုစိမ်ပေးတာကြောင့် ခြေထောက်ချွေးပေါက်တွေကိုပိတ်စေပြီးချွေးထွက်များတာကို ထိန်းချုပ်ပေးနိုင်ပါတယ်။ လက်ဖက်ခြောက်ထဲမှာပါတဲ့ တန်နင်ဓာတ်ကချွေးပေါက်တွေကိုပိတ်ဆို့စေနိုင်လို့ပါ။

Comments

http://myanmarceletube.com/assets/images/user-avatar-s.jpg

0 comment

Write the first comment for this!