ဒေါပုံအထက(၁) Q စင်တာအတွက် လိုအပ်တာများကို ထပ်မံ လှူဒါန်းခဲ့တဲ့ မင်းသားကြီး လွင်မိုး

ပရိသတ်ကြီးရေ ပြည်သူချစ်သရုပ်ဆောင် မင်းသားကြီးလွင်မိုးကတော့ ငယ်ရွယ်စဉ်အခါကတည်းက ချောမောခန့်ညားတဲ့ဥပဓိရုပ်မျိုးကို ပိုင်ဆိုင်ခဲ့ပြီး အခုချိန်မှာလည်း အရွယ်တင်နုပျိုနေဆဲပါ ။ လက်ရှိအချိန်မှာ လွင်မိုးက အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။ 

အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့်လည်း ခုချိန်ထိ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိနေဆဲပါပဲနော်။ လွင်မိုးက မိသားစုကိုလည်း အချိန်အပြည့်ပေးပြီး မြေးချောလေး Liamလေးနဲ့လည်း အတူတူဆော့ကစားပေးနေကျဖြစ်ပါတယ်။လွင်မိုးတို့ မိသားစုလေးကတော့ အိမ်ရဲ့ဆည်းလည်းလေးတစ်လုံးရလိုက်လို့ အမြဲပျော်ရွှင်နေရပြီး သာယာစိုပြေနေတာကြောင့် ပရိသတ်တွေ အားကျချစ်ခင်နေကြတာအမှန်ပါပဲ ။

လွင်မိုးကတော့ မကြာခဏဆိုသလို တတ်နိုင်သလောက်လှူဒါန်းမှုတွေ လုပ်နေတာလည်းတွေ့မြင်ရပြီး အခုလည်း ဒေါပုံအထက(၁) Q စင်တာအတွက် စောင် မွေ့ယာနဲ့ ခေါင်းအုံး ဆယ်စုံ လှူဒါန်းခဲ့ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း လွင်မိုးရဲ့ အလှူပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ 

yuan  – Cele Zone

Photo – Lwin Moe

(ဇော်ဂျီဖြင့်ဖတ်ရန်)





yuan  – Cele Zone