သူငယ်ချင်းဖြစ်သူ မင်းသား အလင်းရောင်ရဲ့ မလှမပ Snapပုံတွေ ရိုက်ပေးတဲ့အကြောင်းလေးကို ပြောပြလာတဲ့ ရွှေသမီး

ကုလားစင်မျက်နှာပေါက်လေးနဲ့ မျက်လုံး မျက်ခုံးလေးတွေ အရမ်းလှတဲ့ မင်းသမီးချောလေး ရွှေသမီးကတော့ ပရိတ်သတ်တွေ အထူးချစ်ခင် အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ချစ်စနိုးနဲ့ ရွှေရွှေလေးလို့ ခေါ်ကြပါတယ်။ လက်ရှိမှာတော့ ရွှေရွှေလေးက ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လက်ခံရိုက်ကူးလျှက် ရှိနေပါတယ်။ 

ရွှေရွှေရဲ့ အောင်မြင်ကျော်ကြား နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ "ရှေ့သွား နောက်လိုက်၊ သခင်ကြီးနဲ့ ငါးပိရည် တို့စရာ၊ တောက်ချလိုက်မယ်နဲ့ ချည်" တို့ပဲ ဖြစ်ပါတယ်။ ရွှေရွှေက သူမရဲ့ ပရိတ်သတ်တွေအပေါ်ကိုလည်း အမြဲလိုလို ဖော်ရွေကာ ကြင်နာတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Puppyလေးတွေကို အရမ်းချစ်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ ရွှေရွှေက "ချစ်သူတို့မှာ ဓာတ်ပုံရိုက်ရင် ဒီလိုမလှမပsnapတွေဘဲ ရအောင်ရိုက်ပေးတတ်တဲ့ သူငယ်ချင်းရှိတယ်မလား😩😩 လှတဲ့ပုံကျ နဲနဲဘဲရှိတယ်☹️ယူသိပ်ရက်စက်တယ်📸ALINNYAUNGN" လို့ဆိုကာ မင်းသားချော အလင်းရောင် ရိုက်ပေးထားတဲ့ Snapပုံလေးတွေကို မျှဝေပေးခဲ့ပါတယ်။ Snapရိုက်ချက်တွေမှာတောင် ချစ်စရာကောင်းပြီး ရယ်စရာကောင်းနေတဲ့ ရွှေရွှေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Shwe Thamee