လွမ်းနေတဲ့ ပရိသတ်တွေအတွက် အနမ်းလေးတွေ ပေးလိုက်တဲ့ မင်းသမီးချောလေး ခန့်

အသည်းယားစရာ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း ဖမ်းစားထားနိုင်သူကတော့ မင်းသမီးချောလေး ခန့် ပဲဖြစ်ပါတယ်။ ခန့်ဟာ MRTV -4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပိုမိုလူသိများလာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေနဲ့ Photo Shooting တွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာနေတာ တွေ့ရပါတယ်။

ခန့် ကတော့ စကားပြောရင်လည်း အေးဆေးတည်ငြိမ်စွာနဲ့ပြောဆိုတတ်သလို သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ လှရက်လွန်းသူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ပရိသတ်တွေအတွက် tik tok လေးတွေကိုဆော့ပြီး ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း မင်းသမီးချော ခန့် ကတော့ ပရိသတ်တွေအတွက် အလွမ်းပြေအောင် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေထဲမှာတော့ ခန့်က အရုပ်လေးကိုကိုင်ပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုအောင် ပို့စ်ပေးထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ခန့်က ” နေလို့ရော ကောင်းရဲ့လား…အရင်လိုရော ချစ်ရဲ့လား ” ဆိုပြီး ရေးသားထားပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်ရှိရှိ ချစ်စရာအမူအရာလေးတွေနဲ့ ပို့စ်ပေးနေတဲ့ ခန့် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Khant Thiri Zaw fb page