ဧရာဝတီစင်တာက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် မာလာရှမ်းကော၊အအေး၊ရေခဲမုန့်တို့သွားရောက်လှူဒါန်းပေးခဲ့တဲ့ တိုင်ရွန်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မော်ဒယ်လ်မင်းသားချော တိုင်ရွန်ကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။တိုင်ရွန်ကတော့ လတ်တလော ကိုဗစ်ကာကွယ်ရေးလုပ်ငန်တွေနဲ့ပတ်သက်ပြီး ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ငန်းတွေမှာ အားတက်သရောနဲ့ တက်တက်ကြွကြွနဲ့ လိုက်ပါဆောင်ရွက်နေခဲ့တာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

အခုတစ်ခေါက်မှာတော့ တိုင်ရွန်က ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် COVID -19 လူနာများကို လက်ခံကုသပေးလျက်ရှိနေသည့် ဧရာဝတီ စင်တာမှာ ရောဂါရှင်တွေကို ကုသပေးနေတဲ့ ဆရာဝန်၊သူနာပြုတွေနဲ့ စေတနာနဲ့ လာရောက်ကူညီလုပ်ကိုင်ပေးနေတဲ့ စေတနာရှင် ပရဟိတသမား Volunteers တွေ စုစုပေါင်း အယောက် (၁၀၀) စာ အတွက် မာလာရှမ်းကော၊အအေး၊ရေခဲမုန့် တို့အား သွားရောက်လှူဒါန်းပေးဖြစ်ပါတယ်။

တွန်ရွန်နဲ့အတူ သူ့ရဲ့သူငယ်ချင်း(၂) ယောက်တို့က စုပေါင်းပြီး လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်၊သူနာပြုနဲ့ Volunteers တွေ ပင်ပန်းနေကြတာကြောင့် အားရှိအောင်ရည်ရွယ်ပြီး သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ စိတ်ကူးကောင်းလေးတွေနဲ့ လှူဒါန်းတဲ့ တိုင်ရွန်တို့ သူငယ်ချင်းတွေရဲအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Tyron Bejay