အဆင်မပြေတဲ့သက်ကြီးရွယ်အိုတွေနဲ့ အခြေခံလူတန်းစားတွေကို စားသောက်ဖွယ်ရာတွေ လှူဒါန်းပေးခဲ့တဲ့ ဒိန်းဒေါင်တို့ရဲ့ ချွန်တွန်းပရဟိတအဖွဲ့

ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်ကူညီပေးတတ်တဲ့ ဒိန်းဒေါင်တစ်ယောက် သူနဲ့အတူ ကူညီပေးတဲ့ညီငယ်လေးတွေနဲ့ စုပေါင်းပြီး ” ချွန်တွန်းပရဟိတ ” အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ အဖွဲ့ကိုလှူဒါန်းပေးတဲ့အလှူရှင်တွေကြောင့်လည်း လိုအပ်တဲ့နေရာတွေဆီကို အရောက်သွားပြီး ကူညီနိုင်တာမို့ ချို့တဲ့သူတွေရဲ့ဘဝတွေလည်း အတိုင်းအတာတစ်ခုထိ အဆင်ပြေသွားခဲ့ရပါ တယ်။

ဘဝတူလူရွှင်တော်တွေရဲ့လိုအပ်ချက်တွေကိုလည်း တတ်နိုင်သလောက်ဖြည့်ဆည်းပေးခဲ့သလို အဆင်မပြေတဲ့လူတွေေ တွ့ရင်လည်း ကာလဒါနလေးတွေလုပ်တတ်ပါသေးတယ်။ ဒီတစ်ခေါက် မှာတော့ အဆင်မပြေတဲ့အဘိုးအဘွားသက်ကြီးရွယ်အိုတွေ နဲ့ ချို့တဲ့သူတွေကို အစားအသောက် တွေ ကိုယ်တိုင်ကိုယ်ကျသွားပြီးလှူဒါန်းပေးခဲ့ပါတယ်။

ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်နိုင်မှုတွေ၊ သည်းခံနိုင်မှုတွေအများကြီးရှိမှ လုပ်နိုင်တဲ့ အရာမျိုးပါ။ ဒိန်းဒေါင်ကတော့ ကိုယ်တိုင်လည်းလူရွှင်တော်တစ်ယောက်ဖြစ်ပြီး အများကြီး ကြိုးစားရုန်းကန်ခဲ့ရသူမို့ အဆင်မပြေတဲ့ဘဝတွေကို စာနာနားလည် ပြီး အခုလိုလှူဒါန်းမှုလေးတွေ လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ အလှူရှင်တွေကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်။

Photo – Dain Daung