နာရေးကူညီမှုအသင်းကို လိုအပ်နေတဲ့ PPE ဝတ်စုံများစွာလှူဒါန်းခဲ့တဲ့ အိမ့်ချစ်

အိမ့်ချစ်ကတော့ အသံကောင်းသလို သီချင်းဆိုလိုက်တိုင်းမှာလည်း နားဆင်သူတွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်စွမ်းရှိသူလေးပါပဲ ။ အိမ့်ချစ်က နာမည်ကြီးအဆိုတော် ချစ်ကောင်းရဲ့သမီးလေးဖြစ်ပြီး ဖခင်ဖြစ်သူလိုပဲ ဂီတလောကမှာ အောင်မြင်မှုများစွာရအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ 

သီချင်းကောင်းလေးတွေ ဖန်တီးတတ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ သူမက လူငယ်ပရိသတ်တွေကြား ရေပန်းစားကျော်ကြားနေတဲ့ အမျိုးသမီး အဆိုတော်မလေးတစ်ဦးဆိုလည်းမမှားပါဘူး ။အိမ့်ချစ်ကတော့ အလွမ်းအဆွေးစတဲ့ ဂီတအမျိုးအစားများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိပြီး အောင်မြင်နေသူတစ်ယောက် ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိမ့်ချစ်က သူမအရမ်းချစ်ရတဲ့ ချစ်သူနဲ့အတူတူ ရွှေလက်တွဲကာ သာယာပျော်ရွှင်စွာ ဖြတ်သန်းနေတာဖြစ်ပါတယ်။ အလုပ်တွေကြိုးစားသလို အလှူအတန်းတွေဆိုလည်း တတ်နိုင်သလောက်ပါဝင်ကူညီလှူဒါန်းလေ့ရှိရာ အခုလည်း ရန်ကုန် နာရေးကူညီမှုအသင်းကို PPE ဝတ်စုံ (၅၀) လှူဒါန်းခဲ့တဲ့ အလှူမှတ်တမ်းလေးကိုဖော်ပြခဲ့ပါတယ် ။အခုလို တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီမှုတွေပြုလုပ်နေတာ တကယ်ကိုကြည်းနူးလေးစားစရာကောင်းတာအမှန်ပါပဲနော် ။ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် အိမ့်ချစ်ရဲ့ အလှူပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo – Eaint Chit