ခင်ပွန်းဖြစ်သူနဲ့ ချစ်သူဘဝတုန်းက မိခင်မသိအောင်ခိုးတွေ့ဖူးတယ်ဆိုတဲ့ ရွှေမှုံရတီ

တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်လွန်းလို့ ချစ်သူသက်တမ်းသိပ်မကြာခင်မှာပဲ ရွှေလက်တွဲခဲ့ကြတဲ့ ရွှေစုံတွဲဟာ အိမ်ထောင်ရှင်ဘဝရော က်သွားသည့်တိုင်တောင် အပြန်အလှန် ဂရုစိုက်မှုတွေ နားလည်မှုတွေနဲ့ ဖြတ်သန်းနေခဲ့လို့ နှစ်ယောက်သားရဲ့ အိမ်ထောင်ရှင်ဘဝ လေးဟာ ပျော်စရာတွေအပြည့်နဲ့ပါ။

လက်ရှိအချိန်ထိတော့ ကလေးမယူသေးဘဲ နှစ်ယောက်လုံးက အလုပ်တွေကိုပဲ ဦးစားပေးပြီးကြိုးစားနေခဲ့ပါတယ်။ ရွှေထူးက လည်း အပြင်သွားခါနီးတိုင်းမှာ အိမ်ကလူတွေကို မိန်းမလေးကို ဂရုစိုက်ဖို့အမြဲမှာတတ်တဲ့အကြောင်း ရွှေမှုံကပြောပြ ခဲ့ပါသေးတယ်။ ဒီလိုဂရုစိုက်တတ်တဲ့ယောကျာ်းမျိုးရတာ တကယ်ကိုကံကောင်းတာပါပဲ။

ဒီနေ့မှာလည်း သူမတို့နှစ်ယောက်ရဲ့ ချစ်ကြည်နူးနေတဲ့ပုံရိပ်လေးတစ်ချို့ကို ” အမေ မသိအောင်ခိုးတွေ့ခဲ့ဖူးလား? ကိုတွေကတော့တွေ့ဖူးတယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ စာဖတ်သူတို့ရော မေမေမသိအောင် ခိုးပြီးချိန်းတွေ့ဖူးတဲ့ ချစ်သူလေးရှိခဲ့ဖူးလား။

Photo – Shwe Mhone Yati