အကာအကွယ်အပြည့်အစုံနဲ့ နှစ်ယောက်အတူမွေးနေ့အလှူလေးလုပ်ခဲ့ကြတဲ့ နေဝင်းနဲ့ အိမ့်ချစ်ချော

မွေးနေ့အမှတ်တရဆိုတာဘယ်သူမဆိုလုပ်ချင်တာပါပဲ။ အခုလိုကျပ်တည်းနေတဲ့ကာလမှာ အိမ့်ချစ်ချောတစ်ယောက် မွေးနေ့ အလှူလေးလုပ်ချင်ခဲ့တာမို့ ခင်ပွန်းဖြစ်သူ နေဝင်းက ပါရမီဖြည့်ပေးခဲ့ပါတယ်။ ချစ်သက်တမ်းအကြာကြီးနေမှ ရွှေလက်တွဲခဲ့ ကြတာမို့ နှစ်ယောက်ကြားမှာ ဘာမှထွေထူးပြီးပြောစရာမလိုအောင် နားလည်မှုတွေအပြည့်ပါပဲ။

ချစ်ဇနီးလေးကိုအမြဲတမ်းအလိုလိုက်ပြီး ဖြစ်ချင်တာလေးတွေဖြည့်ဆည့်ပေးတတ်တဲ့ နေဝင်းတစ်ယောက် ဒီတစ်ခေါက်မှာ လည်း ဇနီးလေးအလိုကျ ဆင်တူအပြင်အဆင်လေးနဲ့ မွေးနေ့အလှူလေးလုပ်ပေးခဲ့ပါတယ်။ ဒီလိုခင်ပွန်းကိုပိုင်ဆိုင်ထားတဲ့ ချောအတွက်တော့ တကယ့်ကိုကံကောင်းခြင်းပါပဲ။

နှစ်ယောက်သားရဲ့မွေးနေ့အလှူပုံလေးတွေကို ” မွေးနေ့လေး အလှူထွက်လုပ်လိုက်ရလို့ တော်သေးတယ် ” ဆိုပြီး ချောကဝေမျှခဲ့ပါတယ်။ Happy Birthday ပါချောရေ။ နောက်နှစ်မွေးနေ့တွေမှာလည်း ဒီထက်မကလှူနိုင်တန်းနိုင်ပါ စေနော်။ ချစ်ရတဲ့ခင်ပွန်းနဲ့လည်း သက်ဆုံးတိုင်ပျော်ရွှင်နိုင်ပါစေ။

Photo – Eainy Chit Chaw