"ဆံပင်အတိုလေးလည်းလွမ်းတယ် မန္တလေးကိုလည်းလွမ်းတယ်😕"လို့ဆိုကာ အရင်က ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တဲ့ သန္တာဗိုလ်

နိုင်ငံကျော် မင်းသမီးချော ချောရတနာရဲ့ ညီမအရင်းဖြစ်သူ မော်ဒယ် သန္ဒာဗိုလ်ကတော့ ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြူစင်ဝင်းပတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားပြီး အရပ်ရှည်ကာ သွယ်လျလှပတဲ့ ခန္ဒာကိုယ်အချိုးအစားလေးကြောင့် ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုမို ရရှိထားတာပဲ ဖြစ်ပါတယ်။

သူမကိုတော့ အားလုံးက ချစ်စနိုးနဲ့ ဗိုလ်ကြီးလို့ စနောက်ခေါ်ကြတာကို တွေ့ရပါတယ်။ သူမက မင်းသားချော ကောင်းပြည့်နဲ့ ချစ်ကြိုက်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ယခုအထိ တစ်ယောက်အပေါ်တစ်ယောက် နားလည်ကာ သစ္စာရှိကြပြီး အားကျစရာကောင်းတဲ့ စုံတွဲလေးဆိုပြီးလည်း ပရိတ်သတ်က အားပေးချစ်ခင်နေကြတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ဗိုလ်ကြီးက "ဆံပင်အတိုလေးလည်းလွမ်းတယ် မန္တလေးကိုလည်းလွမ်းတယ်😕"လို့ဆိုကာ အရင်က သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဗိုလ်ကြီးရဲ့ ဆံပင်တိုလေးနဲ့ မန္တလေးက ပုံရိပ်ဟောင်းလေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Thandar Bo