"ပန်းချစ်သူ 🧡🌸"လို့ဆိုကာ အရမ်းလှတဲ့ ပန်းပွင့်လေးတွေကြား ကိုရီးယားမလေးတစ်ယောက်လို လှနေတဲ့ ဟန်နာယူရီ

အရုပ်မလေးမျက်နှာနဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်ကို ရယူထားနိုင်တဲ့ သူလေးကတော့ မိတ်ကပ်ပညာရှင် ဟန်နာယူရီလေးပဲ ဖြစ်ပါတယ်။ ဟန်နာက နိုင်ငံကျော် အဆိုတော် ဘန်နီဖြိုးရဲ့ ရည်းစားဟောင်းတစ်ယောက်ပါ။ လက်ရှိမှာတော့ သူမက ဘဝကို တစ်ယောက်ထဲ အေးချမ်းစွာ ဖြတ်သန်းလျှက် ရှိနေတာကို တွေ့ရပါတယ်။

ဟန်နာလေးဟာ မိတ်ကပ်ပညာမှာ တစ်ဖက်ကမ်းခတ် အောင်မြင်လာတာနဲ့အမျှ သူမဆီမှာ သင်ယူနေကြတဲ့ သင်တန်းသူ သင်တန်းသားတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ခရီးတွေသွားကာ လှပတဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ အမြဲလိုလို မျှဝေပေးလေ့ ရှိနေတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ဟန်နာလေးက "ပန်းချစ်သူ 🧡🌸"လို့ဆိုကာ အရမ်းလှတဲ့ ပန်းပွင့်လေးတွေကြား ကိုရီးယားမလေးတစ်ယောက်လို လှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ကိုရီးယားမလေးနဲ့တူတဲ့ ဟန်နာရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Hanna Yuri