ဝေဘာဂီဆေးရုံကြီးအတွက် အောက်စီဂျင်ဘူး (၂၀၀) လှူဒါန်းပေးခဲ့တဲ့ နန်းစန္ဒာလှထွန်းတို့ရဲ့စုပေါင်းအလှူ

နန်းနန်းလေးတစ်ယောက်ကတော့ သူမရဲ့ Nannies တွေနဲ့စုပေါင်းအလှူလေးလုပ်ခဲ့ပါတယ်။ လတ်တလောမှာ အသက်ရှု လမ်းကြောင်းဆိုင်ရာကပ်ရောဂါဆိုးကြီးဖြစ်နေတာကြောင့် မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံမှာ အောက်ဆီဂျင်ဘးဒ (၂၀၀) စာ ခြောက်သိန်းကျပ်လှူဒါန်း ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အနုပညာရှင်တို့ရဲ့စုပေါင်းအလှူလေးတွေဟာ မကြာခဏဆိုသလိုတွေ့ရတတ်ပါတယ်။

သူမရဲ့အလှူပုံရိပ်လေးတွေကို ” အုပ်တစ်ချပ် သဲတစ်ပွင့်နဲ့ အားလုံးရဲ့ အလှူလေးပြီးမြောက်သွား ပါပြီရှင့် အတူတကွ ပူးပေါင်းပါဝင်ပြီး သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် နန်းနန်းကိုယုံကြည်ပြီး ပါဝင်ပေးကြတဲ့သူတွေစိတ်အေးရပြီး ဒါနမြောက်အောင် လိုအပ်တဲ့နေရာ တွေ သေချာစုံစမ်းပြီး လူကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင့် ”

” အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ ကင်းဝေးကြပါစေ လို့ဆုတောင်းရင်း (၇) ရက် သားသမီး များ အားလုံးလည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး သာဓုခေါ်ဆိုနိုင် ကြပါစေရှင့် အခုလိုကောင်းမူ ကုသိုလ်တွေ အတူတူလုပ်ခွင့်ရလို့လည်း အရမ်းဝမ်းသာပါတယ် အခွင့်ရေးရရင် နောက်လည်းအတူတူပါဝင်နိုင် အောင်ကြိုးစားသွားပါ့မယ်ရှင့် သာဓု သာဓု သာဓု ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ နောက်လည်းဒီထက်မကလှူနိုင်တန်းနိုင်ပါစေနော်။

Photo – Nan Sandar Hla Htun