"ဒီမေးခွန်းလေးပဲ မင်းဖြေလိုက်ပါ ချစ်သေးရဲ့လား ... 💚🌿🍀🍃"လို့ဆိုလာတဲ့ မေမြင့်မိုရ်ရဲ့ပုံရိပ်များ

MRTV 4ရဲ့ နာမည်ကြီးမင်းသမီးတစ်လက် ဖြစ်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ "ပန်းနုသွေး"ဆိုတဲ့ ရိုးအေးတဲ့ ဇာတ်ကောင်လေးနဲ့ စတင်ပြီး သရုပ်ဆောင်ကာ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ နန်းဆန်ပြီး ရိုးအေးတဲ့ မျက်နှာလေးနဲ့ အသံချိုချိုအေးအေးလေးကြောင့်လည်း ပရိတ်သတ်တွေက အချစ်တွေ ပိုနေကြရတာပါ။

မေ‌လေးရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေကတော့ ပန်းနုသွေး၊ ဆုံစည်းခြင်း မိုးတိမ်များ၊ ပုဂံမြို့သူတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မေလေးက ၂၀၁၉ခုနှစ်တုန်းက ပရိတ်သတ်တွေက ပေးတဲ့ "People's Choice Award"ဆုကိုလည်း ရရှိခဲ့ကာ ထူးချွန်အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ခုတစ်ခါမှာတော့ မေလေးက "ဒီမေးခွန်းလေးပဲ မင်းဖြေလိုက်ပါ ချစ်သေးရဲ့လား ... 💚🌿🍀🍃"လို့ဆိုကာ ပုပ္ပါးက အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ပုပ္ပါးရောက်မေလေးရဲ့ အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ကဲ..... ပရိတ်သတ်ကြီးရေ မေလေးကို ချစ်ကြသေးလားဆိုတာလည်း ဖြေပေးခဲ့ပါအုံးနော်။

Source; May Myint Mo