"ဒီလောက်ချေမိုးပြီး စွာတေးလန်နေတဲ့ကျမ အကြောင်းကို ရှင်က စဉ်းစားပြီး ပြုံးတယ်ပေါ့လေ 🌝 ဒါဘာသဘောလဲ ကိုထူးမြတ်ပိုင် 🤨"လို့ဆိုလာတဲ့ အဏ္ဏဝါမုန်း

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ပရိတ်သတ်အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက ဆိုင်းမိုင်လို့ သိကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူမရဲ့ ပထမဆုံး အောင်မြင်ခဲ့တဲ့  "မိုးကောင်းကင်အိမ်က်" ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သူမက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးကနေ စတင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုင်းမိုင်လေးဟာ ဒီဇာတ်လမ်းတွဲလေးကနေ နယ်ပရိတ်သတ်တွေရဲ့ အထူး အားပေးမှုကို ရရှိခဲ့တာပါ။

အောင်မြင်လာတာနဲ့အမျှ မင်းသမီးချော ပိုးကြာဖြူခင်ဟာ နယ်က ပွဲတွေမှာ ဖျော်ဖြေရေး အစီအစဉ်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ရပါတယ်။ ခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးရေးတွေကို ဦးစားပေး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ မကြာသေးခင်ကမှလည်း "အောင်မြေစေတနာ အိမ်ခြံမြေအကျိုးဆောင်" ကြော်ငြာလေးကို ရိုက်ကူးပြီးစီးခဲ့ပါတယ်။ မြန်မာဖက်ရှင်လေးတွေနဲ့ လိုက်ဖက်လွန်းတဲ့ ဆိုင်းမိုင်လေးဟာ မြန်မာဝတ်စုံကြော်ငြာလေးတွေ မှာလည်း အမြဲတွေ့ရပါတယ်။

လတ်တလောမှာတော့ မင်းသမီးချော ပိုးကြာဖြူခင်က "မာယာလှည့်ကွက်" ဇာတ်လမ်းတွဲထဲမှာ "အဏ္ဏဝါမုန်း" ဆိုတဲ့ ကာရိုက်တာလေးနဲ့ သရုပ်ဆောင်လျှက် ရှိနေတာကို တွေ့ရပါတယ်။ သူမက "ဒီလောက်ချေမိုးပြီး စွာတေးလန်နေတဲ့ကျမ အကြောင်းကို ရှင်က စဉ်းစားပြီး ပြုံးတယ်ပေါ့လေ 🌝 ဒါဘာသဘောလဲ ကိုထူးမြတ်ပိုင် 🤨"လို့ဆိုကာ မင်းသားချော မင်းဘုန်းမြတ်နဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ကဲ ပရိတ်သတ်ကြီးရော အမုန်းတို့ ဇာတ်လမ်းတွဲလေးကို ကြည့်ဖြစ်ကြလား မန့်ခဲ့အုံးနော်။

Source; Poe Kyar Phyu Khin