စိုင်းစိုင်းခမ်းလှိုင်၊ မိုးစက်ဝိုင်တို့နဲ့အတူ ဟိုအရင်က ခရီးအတူတူသွားခဲ့တဲ့ ပုံရိပ်လေးတွေ မျှဝေပေးခဲ့တဲ့ မအေးသောင်း

မြင်ရသူ အေးချမ်းစေမယ့် မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လာခဲ့တဲ့ နိုင်ငံကျော် မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ ဟိုးတစ်ခေတ်တစ်ခါကတည်းက ပုရိသယောက်ကျားလေးတွေရဲ့ အသည်းစွဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်နော်။ ခုနောက်ပိုင်းမှာ သူမရဲ့ လှပတောင့်တင်းတဲ့ ခန္ဒာကိုယ်နဲ့ လိုက်ဖက်စွာ မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်လာတာကြောင့် ပရိတ်သတ်တွေက အေးမြတဲ့ မအေးသောင်းရယ်လို့ ခေါ်ဝေါ်လာကြတာပဲ ဖြစ်ပါတယ်။

မအေးသောင်းက မကြာ‌သေးခင်ကမှ ချစ်သူရည်းစားကို Officialဖော်ထုတ်ကာ ပြသခဲ့လို့ ယောက်ကျားထုကြီးတစ်ချို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူမက ရည်းစားနဲ့ သူငယ်ချင်းရဲ့တန်ဖိုး ကွာခြားပုံကို စာတိုလေးနဲ့ နမူနာပေးကာ သူမရဲ့သူငယ်ချင်းတွေကို ချစ်တဲ့အကြောင်းလေး ပြောပြခဲ့ပါသေးတယ်။

ခုတစ်ခါမှာတော့ မအေးသောင်းက "ပဲရစ်ရော ဘာစီလိုနာရော ဗန်းနစ်စ်ရော ဆွဇ်ဇလန်ရယ် ဟော်လန်ရယ် ဘယ်လ်ဂျီယံ အီတလီရယ် ကျန်သေးတယ် ဟွန့်"လို့ဆိုကာ ကွီစိုင်း၊ မိုးစက်ဝိုင်တို့နဲ့ ဟိုအရင်က ခရီးသွားခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့ပါတယ်။ ကဲ ပျော်စရာကောင်းတဲ့ မအေးသောင်းတို့သုံးယောက်နဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Aye Thaung