Facebook Accမှာ Blue mark ရရှိခဲ့လို့ အတိုင်းမသိဝမ်းသာပျော်ရွှင်နေတဲ့ သဇင်နွယ်ဝင်း

ပရိတ်သတ်တွေ အရမ်းကိုချစ်ကာ အားပေးကြတဲ့ MCမလေး သဇင်နွယ်ဝင်းကတော့ မင်းသမီးတွေ ရှုံးလောက်အောင် လှရက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ရယ်လိုက်ရင် ချစ်စရာကောင်းပြီး ချွန်မြတဲ့ သွားထက်လေးရယ် သွယ်လျလှပတဲ့ ခန္ဒာကိုယ် အချိုးအစားလေးကြောင့်လည်း ပရိတ်သတ်တွေက ပိုလို့ အချစ်ပို နေကြရတာပါ။

ဘက်စုံတော်တဲ့ သူမကတော့ အပြောချိုရုံသာမက အကဘက်မှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက "Dancing with the Stars"ဆိုတဲ့ အစီအစဉ်မှာလည်း ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင် ကခဲ့ပါသေးတယ်။ သူမရဲ့ ပရိတ်သတ်တွေကတော့ အကပိုင်းမှာပါ ထူးချွန်တဲ့ သူမအပေါ် တခဲနက် အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ သဇင်က Facebook Accမှာ Blue mark ရရှိခဲ့လို့ အတိုင်းမသိဝမ်းသာပျော်ရွှင်နေတဲ့အကြောင်းလေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ မျှဝေပေးလာခဲ့ပါတယ်။ သဇင်က "Yayyyy!!! သဇင့် Acc ခုလေးတင် blue mark လေး ရရှိပါတယ်....  ချစ်မ Su Myat Khine ရဲ့ကျေးဇူးကြောင့်ပါ... ဒီလို ခက်ခက်ခဲခဲလျှောက်ရတဲ့ကာလ မှာ စိတ်စေတနာအပြည့်နဲ့ အလုပ်တွေများနေတဲ့ကြားက အစအဆုံး သေချာစိတ်ရှည်ရှည်နဲ့ကူညီပေးတဲ့ တကယ်စိတ်ရင်းကောင်းတဲ့ချစ်ရတဲ့ အမတစ်ယောက်ပါ.🥰 🥰 စေတနာကောင်းတဲ့ ကိုယ့်အမ အမြဲ ကံကောင်းနေမယ်လို့ ယုံကြည်တယ်...ပျော်လိုက်တာ!!!!😍😍ကျေးဇူးများကြီးတင်လိုက်တာ မရေ 😘😘😘"လို့ဆိုကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Thazin Nwe Win