ဝမ်းနည်းပြီးငိုတဲ့အချိန်တွေဆို သမီးလေးကမျက်ရည်သုတ်ပေးပြီး နှစ်သိမ့်ပေးတဲ့အကြောင်းပြောပြလာတဲ့ သက်မွန်မြင့်

သားသမီးဆိုတာရတနာပါပဲ။ မိဘတွေအတွက်တော့ ဒီသားသမီးလေးတွေကိုကြည့်ပြီး ရှေ့ဆက်ရမယ့်နေ့ရက်တွေအတွက် ခွန်အားတွေအလိုလိုရှိလာတာမျိုးပါ။ လိမ္မာပြီး မိဘကိုသိတတ်တဲ့ကလေးတွေကို ပိုင်ဆိုင်ထားတဲ့မိဘတွေအတွက်တော့ တကယ့်ကို ကံကောင်းတာပါပဲ။ သက်မွန်ရဲ့သမီးလေးဟာလည်း သူမစိတ်ညစ်နေတဲ့အချိန်တိုင်း နှစ်သိမ့်ပေးတတ်ပါသေးတယ်။

လတ်တလော Stay Home ကာလတွေမှာတော့ သက်မွန်တစ်ယောက် အများနည်းတူ အိမ်က မိသားစုတွေနဲ့ပဲ နွေးထွေးတဲ့အချိန်တွေကို အတူတူဖြတ်သန်းနေခဲ့ပါတယ်။ နေမကောင်းလို့ စိတ်ဓာတ်ကျပြီးငိုတဲ့အချိန်တွေမှာ သမီးလေးက တစ်ရှုးပြေးယူကာ မျက်ရည်တွေသုတ်ပေးပြီး နှစ်သိမ့်တတ်တဲ့အကြောင်းပြောပြလာခဲ့ပါတယ်။

သမီးလေးနဲ့နှစ်ယောက်အတူရိုက်ထားတဲ့ပုံလေးကို ” ကိုယ့်မှာ စိတ်မာ အကြောမာ အမေကို အရမ်းချစ်တဲ့ သမီးလေးရှိတာ ကံကောင်းမှုထဲက တခုပါပဲ! နေတွေမကောင်း စိတ်ကျပြီး ဝမ်းနည်းလို့ မျက်ရည်ကျချိန် မေမေ ဘာလို့ငိုတာလဲ သမီးဘာလုပ်ပေးရမလဲနဲ့ တစ်ရှုးပြေးယူပြီး သုတ်သုတ်ပေးတာ အာဘွားတွေပေးတာ သူတို့လေးတွေနဲ့ ရှင်သန်ရတယ်..သူတို့ဘဝလေးတွေ လှပဖို့ အမေတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ကျေပြွန်ဖို့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြုစုပျိုးထောင်ပေးရဦးမယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Photo – Thet Mon Myint