လတ်တလောမှာ သုံးဖြစ်နေတဲ့ Ever ခြင်ဆေးဖျန်းဆီလေးအကြောင်း ပြောပြလာခဲ့တဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်

MRTV 4ရဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဝင့်ယမုံနိုင်ကိုတော့ "ကျမက မဟေသီ"ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ စတင်ပြီးတော့ ပရိတ်သတ်တွေ သတိထားမိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူမဟာဆိုရင် ထားဝယ်တိုင်းရင်းသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမက ကြော်ငြာရိုက်ကူးရေးတွေကို လက်ခံပြီး ရိုက်ကူးလျှက် ရီနေတာကိုလည်း တွေ့ရပါတယ်။မင်းသမီးချောလေး ဝင့်ယမုံနိုင်က သူမရဲ့မွေးနေ့ဖြစ်တဲ့ August 1ရက်နေ့တုန်းကလည်း အမျိုးသားသွေးဌာနမှာ သွေးလှူခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါသေးတယ်။ အလှူအတန်းတွေဆိုလည်း နေရာဒေသမရွေး အမြဲတမ်း တစ်ဖက်တစ်လှမ်းကနေ ကူညီပေးနေတဲ့ သူမကိုတော့ ပရိတ်သတ်ကြီးက အစဉ်ထာဝရ ချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ ယမုံက ခုလတ်တလော သူမသုံးဖြစ်နေတဲ့ ခြင်ဆေးဖျန်းဆီလေးအကြောင်းကို ပြောပြလာခဲ့ပါတယ်။ ယမုံက "မိုးရွာလိုက်နေပူလိုက်နဲ့ ခြင်တွေပိုများလာတော့အဆင်ပြေကြရဲ့လားရှင့် ... ? ခြင်ဆိုအရမ်းမုန်းတဲ့အထဲမှာ ယမုံထိပ်ဆုံးကပါ ... အမြဲတမ်းကိုယ့်ကိုပဲ ရွေးကိုက်ကြလို့ 😖ယမုံကလေ ခြင်ဆေးတော်တော်များများကလည်း အနံ့ပြင်းတော့မခံနိုင်ဘူး ... အဲတော့ ယမုံကိုယ်တိုင် ကြိုက်လဲကြိုက် ကိုယ်တိုင်လည်းသုံးနေတဲ့ Ever သဘာဝစပါးလင်မွှေး ခြင်ပြေးဖျန်းဆီ လေးအကြောင်း Sharing လုပ်ပေးမယ်နော် 😚 Ever ခြင်ဆေးက Spray Type ဆိုတော့ ကိုယ်ရဲ့ပတ်ဝန်းကျင်နားတစ်ဝိုက်ကို ဖျန်းလိုက်တာနဲ့ ခြင်ဆိုတာ တစ်ကောင်တမြီးမှမတွေ့တော့ဘူး ..အနံ့ကလဲ စပါးလင်အနံ့လေးဆိုတော့ တစ်ခြားခြင်ဆေးနံ့တွေလို လူကို ဒုက္ခမပေးတဲ့အပြင် စိတ်ကိုပါလန်းဆန်းစေတယ်-အရင်ဆိုညဘက်ရှုတင်မှာ Night Scene တွေရိုက်ရရင် ခြင်တွေကိုက်လို့ အရမ်းစိတ်ရှုပ်ရတယ် ... အခုဆို Ever ဖြန်းလိုက်ရင်ရပြီ ... အနံ့ကြောင့်လည်းဘယ်သူမှ စိတ်အနှောက်အယှက်မဖြစ်ရတော့ဘူးလေ

ဈေးကလည်းသက်သာ ကျန်းမာရေးအတွက်လည်း မထိခိုက်ဘူး၊ ကလေးလေးတွေအတွက်လည်း အန္တာရာယ်မရှိတဲ့အပြင် အသားရေတွေ ထိခိုက်မှာလည်း မပူရဘူး  ဖျန်းပြီး နာရီတော်တော်ကြာထဲထိ ခြင်တွေမလာဘူး.. ယမုံ့အတွက်တော့ မရှိမဖြစ် အိမ်မှာရော အပြင်သွားတိုင်းရော​ဆောင်ထားတဲ့ Ever လေးပါ။ယမုံ့ပရိသတ်တွေထဲမှာရော  ခဏခဏကိုယ့်ကိုမှခြင်ရွေးကိုက်တာခံရတာမျိုးရှိလား ? ယမုံ့တော့ Ever ကြောင့် အဲဒုက္ခတွေကင်းဝေးသွားပြီ ... Ever အမြန်ဆောင်ထားတော့နော် ❤️PS- Ever ခြင်ဆေးကို ရွှေအိုး ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်နော် ပရိသတ်ကြီး 🥰"လို့ဆိုကာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source; Wint Yamone Naing