"ရိုက်တဲ့ပုံတိုင်းလှနေမှ မလှရင်ပလိန်းကြီး ကောက်တာ 😑"လို့ဆိုကာ ချစ်ဇနီးလေးကို အလှဆုံးဓာတ်ဖမ်းပေးခဲ့တဲ့ ရွှေထူး

နာမည်ကျော် တေးသံရှင် အဆိုတော်ရွှေထူးကတော့ အသည်းကွဲ အဆွေးသီချင်းကောင်းလေးတွေကို ကိုယ်တိုင်ဖန်တီး သီဆိုတတ်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းအေးအေးလေးတွေဟာ ပရိတ်သတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျကာ အထူးအားပေးခြင်းကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း သီချင်းကောင်းလေးတွေအသစ်ထွက်လာဖို့အတွက် ဆက်လက်ဖန်တီးလျှက် ရှိနေပါတယ်။ အဆိုတော် ရွှေထူးဟာ အဆိုပိုင်းမှာသာမက သရုပ်ဆောင်ဘက်ကိုပါ ခြေလှမ်းစကာ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားလျှက် ရှိနေတာကို တွေ့ရပါတယ်။ ပရိတ်သတ်တွေရဲ့ အသည်းစွဲ မင်းသမီးချောလေး ရွှေမှုန်ရတီနဲ့လည်း အိမ်ထောင်ကျကာ သာယာလှပတဲ့ ဘဝလေးတစ်ခုနဲ့ နေသားကျနေတာကို တွေ့ရပါတယ်။

အမြဲလိုလို ချစ်ဇနီးလေး ရွှေမှုန်ကို ဂရုစိုက် အလိုလိုက်ကာ ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးတတ်တဲ့ ရွှေထူးက ယခုအခါမှာလည်း "ဒါကတော့ အကြည် Mood လေးပါ ... နောက်ဆုံးမှာတော့ အရပ်ရှည်ရှည် ကင်မရာမန်းရဲ့ ဒုက္ခ ကိုတွေ့ရမှာပါ ... 😁

ရိုက်တဲ့ပုံတိုင်းလှနေမှ မလှရင်ပလိန်းကြီး ကောက်တာ 😑"လို့ဆိုကာ ရွှေမှုန်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ အရမ်းကို ကြည်နူးစရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကတော့ အားကျစရာပါပဲနော် ပရိတ်သတ်ကြီးရေ။

Source; Htoo Khant