လူနာတင်ယာဉ်ဝယ်လှူဖို့အတွက် သူမရဲ့အလှူလေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းပေး ဖို့ ဖိတ်ခေါ်ထား တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ဆောင်းယွန်းစံက သူမမှာရှိတဲ့ မြန်မာဝတ်စုံလေးတွေအပြင် အခြားဝတ်စုံလေးတွေကို ရောင်ပြီး ရတဲ့အမြတ်ငွေလေးတွေနဲ့ လူနာတင်ယာဉ်ဝယ်လှူဒါန်းဖို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ယခုမှာတော့ ဆောင်းယွန်းစံ က ပထမဆုံးရောင်းသွားမယ့် အကျီလေးကိုဝတ်ပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ ပို့စ်ပေးထားတာဖြစ်ပါတယ်။

ဒီပုံလေးတွေနဲ့လည်း ဆောင်းယွန်းစံ က “Hello လူနာတင်ယာဉ်လှူဖို့အတွက် ရန်ပုံငွေရှာတဲ့အနေဖြင့် ပထမဆုံးအနေနဲ့ ဒီ Star Generation အင်္ကျီလေးတွေရောင်းပါမယ်နော် …ဒီအင်္ကျီလေးတွေက မနှစ်ကဆောင်းတို့ Star Generation အဖွဲ့လေးရဲ့ ပုံလေးတွေပါတဲ့ အက်ႌေလးပါ.. အက်ႌတစ္ထည္ကို ၁၅၀၀ကျပ် ပဲရောင်းပါမယ်ရှင့်..ရောင်းလိုရတဲ့ငွေအားလုံးကို လှူသွားမှာပါ..ဆောင်းဆီမှာ အားလုံး အထည် (၁၀၀)ရှိပါတယ်ရှင့်….အရောင်လေးတွေနဲ့လည်း ရှိပါတယ်..အမှတ်တရအနေနဲ့ပဲဖြစ်ဖြစ် အလှူအတွက် အထောက်အပံ့ ရအောင်ဖြစ်ဖြစ် ကူညီပြီး လှူဒါန်းပေးပါဦးရှင့်…

လူတစ်ယောက်ကို တစ်ထောင်ကျပ်လည်းအလှူခံပါတယ် အခုဆို လူအယောက်(၅၀၀၀) လောက်ပဲလိုပါတော့တယ်နော်..အဲ့လို လူ အယောက် (၅၀၀၀) ပြည့်ဖို့ တစ်ယောက်ထဲမရဘူး ဆောင်းယွန်းနဲ့သိတဲ့ လူတစ်ယောက်က တစ်ထောင်ကျပ် လှူလိုက်ရင် လှူတဲ့ လူက တခြားလူသိအောင် ထပ်လုပ်ရင်း ထပ်လှူသွားမှ အဆင်ပြေမှာပါ ငွေတစ်ထောင်နဲ့ လူနာတင်ကားလေးကို အားလုံးစုပေါင်းအားနဲ့ လှူရအောင်နော် …” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်တွေလည်း လူနာတင်ကားလေး အမြန်ဆုံး လှူဒါန်းနိုင်အောင် ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်….။.

Source – Saung Yoon San fb page