စစ်ဘေးရှောင် အတွက် အဝတ်အစားများကို တက်တက်ကြွကြွလှူဒါန်းခဲ့ကြတဲ့ အက်စတာနှင့်သူမရဲ့ပရိတ်သတ်များ

မြန်မာအိုင်ဒေါရဲ့ Winnerတစ်ယောက်ဖြစ်တဲ့ အက်စတာဒေါ့ချင်းဆုန်ကတော့ လတ်တလောမှာ သူမရရှိပိုင်ဆိုင်ခဲ့တဲ့ Star City Condoမှာ သူမရဲ့ မိသားစုနဲ့အတူ အေးချမ်းစွာ နေနေပြီပဲ ဖြစ်ပါတယ်။ Covidကာလအတွင်း အနုပညာလှုပ်ရှားမှုတွေကို ခန ရပ်နားထားကာ မိသားစုကို အချိန်ပေးရင် ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဆုန်ဆုန်က မကြာခနဆိုသလိုတော့ Liveလွှင့်ပြီး သူမရဲ့ ချစ်ပရိတ်သတ်တွေကို သူမရဲ့မောင်လေးနဲ့အတူ သီချင်းတွေ ဆိုပြလေ့ ရှိပါတယ်။

မကြာသေးခင်ကမှ ထွက်ရှိထားခဲ့တဲ့ သူမရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ "Unseen"ဆိုတဲ့ သီချင်းလေးဟာလည်း ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့ကာ Top 10စာရင်းထဲဝင်ပြီး နံပါတ် ၄ နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ခုရက်ထဲတော့ သူမက ကြော်ငြာရိုက်ကူးရေး အနည်းငယ်ကို ပြန်လည်လုပ်ဆောင် လာနေတာကိုလည်း တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ အက်စတာက သူမနှင့်အတူ စစ်ဘေးရှောင်တွေအတွက် အဝတ်အစားများကို ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ Whitenubes လေး‌တွေကို ကျေးဇူးတင်စကားလေးတွေ ပြောကြားလာခဲ့ပါတယ်။ အက်စတာက "ညီမနဲ့အတူတူ Whitenubes family စစ်ဘေးရှောင် အတွက်အဝတ်အစားတက်တက်ကြွကြွအလှူ​ပါဝင်ပေးကြတဲ့အယောက်ချင်းစီတိုင်း ကျေးဇူးအရမ်းတင်ပါတယ် ညီမမှာ စည်းစည်းလုံးလုံးနဲ့ဒီမိသားစုလေးပိုင်ဆိုင်ရတာအရမ်းဂုဏ်ယူတယ်"လို့ဆိုကာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Source; Esther Dawt Chin Sung