ဂေဟာကသားသမီးတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပေးနေတဲ့ မေမေခိုင်နှင်းဝေ

ချစ်စရာကလေးတွေရဲ့မိခင်နေရာကို ရဲရဲဝံ့ဝံ့ခံယူထားတဲ့ ကလေးတို့မေမေခိုင်နှင်းဝေဟာ ဂေဟာက သူမရဲ့ခိုင်မျိုးဆက်လေးတွေကို အရမ်းကိုဂရုစိုက်တဲ့မိခင်တစ်ယောက်ပါ။ လက်ရှိ အကျပ်အတည်းကာလတွေမှာတောင် ကလေးတွေအတွက်အရင်တုန်းကအတိုင်း ဘာတစ်ခုမှ မလျော့သွားဘဲ ဂရုစိုက်မှုတွေတောင်ပိုပြီးတိုးလာခဲ့ပါသေးတယ်။

ဒီမေမေရဲ့အရိပ်အောက်ကိုရောက်လာတဲ့သားသမီးလေးတွေဟာ တကယ်ကိုအေးချမ်းတဲ့ ဘဝလေးတစ်ခုပိုင်ဆိုင်နိုင်မှာမို့ ဝမ်းသာစရာပါပဲ။ ဝန်ထမ်းတွေကလည်း ကလေးတွေကို ကိုယ့်ကလေးလေးလိုပဲဂရုစိုက်ပြီး ချစ်ခင်တာကြောင့် ဂေဟာဆိုတာထက် နွေးထွေးတဲ့မေတ္တာတွေပြည့်နေတဲ့ အိမ်လေးတစ်လုံးလိုပါပဲ။

ဒီနေ့မှာလည်း ကလေးတွေကိုကိုယ်အလေးချိန်တိုင်းပေးနေတဲ့ပုံလေးတွေကို ” ဆရာကြီးများအား ကျန်းမာရေး စစ်ဆေးပေးနေပါတယ်ရှင် ” ဆိုပြီး မေမေခိုင်နှင်းဝေက တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာမေမေနဲ့ ချစ်စရာကလေးတွေရဲ့ အပြန်အလှန်မေတ္တာ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Photo – Khine Hnin Wai