မြန်မာဝတ်စုံလေးဝတ်ကာ ယဉ်ယဉ်လေးဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားတွေနဲ့ညို့ယူဖမ်းစားလိုက်ပြန်တဲ့မေမြင့်မိုရ်

မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူလေးဖြစ်သလို ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့သူလေးပဲ ဖြစ်ပါတယ်။ ချိုသာယဉ်ကျေးတဲ့အသံလေးနဲ့ ဖမ်းစားနိုင်တဲ့ မေမြင့်မိုရ်က အမာခံပရိသတ်တွေ အမြောက်အများကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်သမီးချောလေးဖြစ်တဲ့ သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်သူလေးပဲ ဖြစ်ပြီး သူမရဲ့ ချစ်စရာပုံရိပ်လေးတွေဟာလဲ မြင်ရသူရင်ကို အေးချမ်းစေခဲ့ပါတယ် ။ အခုနောက်ပိုင်းမှာတော့ မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးနေရတာ ဖြစ်ပါတယ်။

ယနေ့မှာတော့ မြန်မာဝတ်စုံလေးဝတ်ဆင်ကာ အခါခါကြည့်တိုင်း မရိုးသွားရလောက်အောင် တော်ဝင်ဆန်ဆန်လေး လှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ မြန်မာဆန်ဆန်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။မေလည်း ဒီထက်မကအောင်မြင်မှုတွေ ပိုင်ဆိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo – May Myint Mho