ချစ်ခင်ရသူတွေပို့ပေးတဲ့ မွေးနေ့ကိတ်နဲ့ပန်းစည်းတွေကြားမှာ အပျော်ကြီးပျော်နေတဲ့ ခြူးလေး

အနုပညာရှင်နဲ့ပရိသတ်ဆိုတာ မိသားစုတွေလိုပါပဲ။ ခြူးလေးရဲ့ပရိသတ်တွေကလည်း သူမရဲ့မွေးနေ့အတွက် ပန်းစည်နဲ့ ကိတ်မုန့်တွေ လက်ဆောင်ပို့ပေးခဲ့ကြပါတယ်။ ချစ်စရာပန်းစည်းနဲ့ ကိတ်မုန့်လေးတွေကြားမှာ ခြူးလေးတစ်ယောက် အရမ်းပျော်ပြီး ချစ်စရာ ပုံလှလှလေးတွေ ရိုက်ကူးခဲ့ပါသေးတယ်။

ဇာတ်လမ်းတွဲတွေမှာလည်း တော်တော်များများပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုအပြည့်အဝရထားသူတစ်ယောက် ပါ။ တစ်ယောက်တည်းဘဝမှာသာသာယာယာနဲ့ သူမရဲ့ပရိသတ်တွေက သူမရဲ့ချစ်သူလိုပါပဲ။ ဟာသ Tik Tok လေးတွေရိုက်ကူးတတ်ပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။

ချစ်ရတဲ့ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ကိတ်လေးတွေနဲ့ သူမအတွက် မွေးနေ့အမှတ်တရအဖြစ်ပို့ပေးခဲ့ပြီး ဒီလက်ဆောင် လေးတွေကြားမှာ ခြူးလေးကတော့ ကျေကျေနပ်နပ်ကလေးပြုံးပြီး ပီတိဖြာနေခဲ့ပါတယ်။ Happy Birthday ပါခြူးလေးရေ အနုပညာလမ်းကြောင်းပေါ်မှာဒီထက်မကပိုပြီးအောင်မြင်ပါစေနော်။

Photo – Chue Chue