"သီတင်းကျွတ်ရောက်ပြီနော် ကန်တော့မယ် မုန့်ဖိုးဘာညာတောင်းမယ် 😁♥️"လို့ဆိုလာတဲ့ နေခြည်ဦး

Beauty Bloggerဘဝကနေ စလို့ နာမည်ကျော်လူသိများလာခဲ့တဲ့ နေခြည်ဦးကတော့ ယခုလက်ရှိမှာ အောင်မြင်တဲ့ မင်းသမီးတစ်လက်အနေနဲ့ ရှေ့ဆက်နေတာကို တွေ့ရပါတယ်။ သူမဟာ အမြဲလိုလို တက်ကြွလန်းဆန်းနေပြီး အလုပ်တစ်ခုလုပ်တဲ့အခါမှာလည်း ဖြစ်အောင် လုပ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ကိုယ်အဆင်ပြေဖို့အတွက်ဆို ဘယ်သူဘာပြောပြော ပတ်ဝန်းကျင်ကို သိပ်ပြီး ဂရုစိုက်လေ့ မရှိသူတစ်ယောက်ပါ။

နေခြည်ဟာ သူမ အရမ်းသဘောကျနှစ်သက်တဲ့ ခွဲစိတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ကာ ယခင်က ငယ်ရုပ်လေးပျောက်ပြီး ယခုဆိုရင် အရမ်းကို လှပလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် လတ်တလောမှာလည်း ရည်းစားဟောင်းဖြစ်သူ မင်းသားချော အောင်ရဲလင်းနဲ့ တွဲဖက်ပြီး အဆိုတော် ထက်ယံရဲ့ "ချစ်လိုက်" Music Seriesလေးမှာ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ အရမ်းကိုလိုက်ဖက်စွာ ကြည်နူးစရာကောင်းလွန်းတဲ့အတွက် မင်းသားရဲ့ ပရိတ်သတ်တွေနဲ့ သူမရဲ့ ပရိတ်သတ်တွေက "ပြန်တွဲနေကြပြီလား" ဆိုတဲ့ ထင်မြင်ချက်တွေတောင် ပေးနေကြတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ နေခြည်က "သီတင်းကျွတ်ရောက်ပြီနော် ကန်တော့မယ် မုန့်ဖိုးဘာညာတောင်းမယ် 😁♥️"လို့ဆိုကာ ရှော့ပင်ထွက်ကာ ဈေးဝယ်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် ချီချီရဲ့ ဈေးဝယ်ထွက်နေတဲ့ ဖက်ရှင်လေးကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Nay Chi Oo