အပြင်သွားခါနီးတိုင်း ချစ်ဇနီးလေးကိုဂရုစိုက်ဖို့ အိမ်ကလူတွေကိုမှာနေတဲ့ခင်ပွန်းကြောင့် ကြည်နူးနေတဲ့ ရွှေမှုံရတီ

တစ်ယောက်နဲ့တစ်ယောက်ချစ်တဲ့အချစ်တွေကိုယုံကြည်ကြလို့ ချစ်သူသက်တမ်းသိပ်မကြာခင် မှာပဲ ဇနီးမောင်နှံအဖြစ် ရဲရဲကြီးလက်တွဲ ခဲ့ကြတဲ့ ရွှေစုံတွဲဟာ ယနေ့ထက်တိုင် မျက်စိအောက်က အပျောက်မခံနိုင်အောင်ချစ်နေကြဆဲပါပဲ။ မကြာခဏဆိုသလို ကျန်းမာရေးချို့တဲ့ တတ်တဲ့ ရွှေမှုံကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်သလို အိမ်မှာမရှိတဲ့အချိန်တွေမှာလည်း အိမ်ကလူတွေကို ဂရုစိုက်ဖို့မှာတတ်ပါသေးတယ်။

ဒီအကြောင်းလေးကို ” သူအပြင်သွားတိုင်း အိမ်ကလူတွေမှာလေ့ရှိတဲ့စကား! “ငါ့မိန်းမလေး နေမကောင်းဘူးဂရုစိုက်ပေးကြနော်” တဲ့ ဘာရယ်မဟုတ် အပေါ်ထပ်ကကြားလိုက်မိလို့ ” ဆိုပြီး ရွှေမှုံက ချစ်စနိုးနဲ့ ဝေမျှခဲ့ပါတယ်။ ဒီလိုချစ်တတ်တဲ့ခင်ပွန်းကိုပိုင်ဆိုင်ထားတာ တော့ သဲရဲ့ ကံကောင်းမှုတွေပါပဲ။

ခင်လေးနွယ်ကလည်း ” ကျွန်းလာတုန်းကလဲ ကျွန်တော့ မိန်းမကစကားအများကြီးပြောလေ့ မရှိဘူး အစ်မနဲ့အကြာပြောနေတာ ကျေးဇူးပဲနော်တဲ့ ကျွန်တော့မိန်းမကို ပျော်အောင်ထားပေး လို့တဲ့ ” ဆိုပြီး မှတ်ချက်ဝင်ပေးခဲ့ပါသေးတယ်။ ချစ်စရာစုံတွဲလေး သက်ဆုံးတိုင် တွဲလက်တွေခိုင်မြဲပါစေ။

Photo – Shwe Mhone Yati