The Voice Myanmar ပြိုင်ပွဲက လုပ်ဇာတ်လားဆိုပြီး မေးခွန်းထုတ်ခဲ့တဲ့ ပြိုင်ပွဲဝင် ထောင်ဇာနှမ်းဆုန်

ယခုလက်ရှိ The Voice Myanmar ပြိုင်ပွဲကတော့ နာမည်ကျော်ကြားနေတာဖြစ်ပြီး ငြင်းခုန်မှုတွေလည်း မကြာခဏပေါ်ပေါက်လျှက်ရှိတာပါ။ယခုအခါမှာတော့ပြိုင်ပွဲရွေးချယ်ခြင်းမခံရတဲ့ ပြိုင်ပွဲဝင် ထောင်ဇာနှမ်းဆုန်က The Voice Myanmar ဟာ လုပ်ဇာတ်မဟုတ်သောလုပ်ဇာတ်လား လို့မေးခွန်းထုတ်ပြောဆိုမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ထောင်ဇာနှမ်းဆုန်က ” The Voice Myanmar ကို Season တွေတိုင်းတော့ ကြည့်ဖြစ်တယ် ဒီ Season 3 မှာ ပြိုင်ရင်ကောင်းမလား မပြိုင်ရင်ကောင်းမလားပေါ့ သူတို့ အွန်လိုင်းမှာForm တွေစပေးတဲ့အခါ ဝင်ပြိုင်ကြည့်လိုက်မယ်ပေါ့ ဘာပဲဖြစ်ဖြစ်ကိုယ်က Melody World မှာလည်း ပြိုင်ထားပြီးသားပေါ့

ဒါပေမယ့် လူနဲ့နာမည်နဲ့ မတွဲမိတဲ့အခါကျတော့ ကိုယ့်အတွက်အခွင့်အရေးများဖြစ်မယ်ဆိုပြီးစဉ်းစားမိတယ် ကိုယ့်ကို သိတဲ့သူတွေကလည်း သိကြတယ် ဒါမဲ့လည်း လူပိုသိလာမယ်ထင်လို့ ဝင်ပြိုင်မယ်ဆိုပြီးဝင်ပြိုင်ဖြစ်တာ Form တင်ဖြစ်တယ်ပေါ့အရဲစွန့်ပြီးတော့ ပေါ့နော် ကိုယ်ပြိုင်တဲ့အပိုင်းကို ဘာလို့မပြလဲဆိုတာတော့ ကိုယ်က ပရိုဂျူဆာလည်းမဟုတ်သလို တာဝန်ရှိသူလည်းမဟုတ်တဲ့အတွက် မသိရပါဘူး ထောင်ဇာ့အတွက်ကောင်းစေချင်လို့လား ဘာကြောင့်လည်းဆိုတာတော့ ထောင်ဇာမပြောတတ်ဘူးပေါ့နော် ထောင်ဇာပြောချင်တာကထောင်ဇာတို့ ဒီမှာဝင်ပြိုင်ကတည်းက Live လွှင့်ပြီးပြတာကိုလက်ခံပါမယ်လို့ လက်မှတ်ထိုးခဲ့ရတယ်ပေါ့ ဒါပေမယ့်

အခုလွှင့်တဲ့အခါကျပါမလာဘူး ထောင်ဇာတို့ သွားပြိုင်တည်းကိုက ရွေးမယ်မရွေးဘူးဆိုတာကိုယ်မသိဘူး ကိုယ်ရဲ့စိတ်ရိုးသားသလိုပဲ အကုန်လုံးကလည်း အဲ့လိုရိုးသားမယ်လို့ညီမထင်တယ် ပါမယ်မပါမယ်မသိဘူး ဒါပေမယ့်မပါဘူး လွှင့်ကြမှာပဲလို့တော့ထင်ခဲ့တာပေါ့နော် ဒါပေမယ့် အခုလိုမပါတဲ့အခါကျတော့ ကိုယ်ဘဲမှားတာလားပေါ့ Page မှာပြန်ကြည့်တဲ့အခါကျတော့ဒါက Blind Audition ရဲ့ နောက်ဆုံးအပတ် ထုတ်လွှင့်မှု လို့ရေးထားတော့မှ သေချာတယ်မပါဘူး လို့ သိခဲ့ရတာပါ။ထောင်ဇာပြောချင်တာက ကိုယ်မပါတာ ကိုယ့်ကိုဒိုင်တွေကလှည့်မကြည့်တာကို

ဘာမှမဖြစ်ဘူး ခံလည်းမခံစားရဘူး ဒါပေမယ့် မနေ့ကလွှင့်တာမှာမပါတဲ့အခါကျတော့ အဲ့ဒီထက်ပိုပြီး စိတ်မကောင်းဖြစ်မိတယ် ဘာဖြစ်လို့လည်း ငါဘာလိုအပ်သွားလို့လဲဆိုတာကို သိခွင့်မရဘူးပေါ့ထောင်ဇာသိချင်တာက လုပ်ဇာတ်မဟုတ်သော လုပ်ဇာတ်များလားပေါ့နော် ပရိသတ်တွေကလည်း ဝိုင်းပြီးထင်မြင်ချက်တွေပေးနေကြတာဆိုတော့လေ ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်ထောင်ဇာနှမ်းဆုန်ကတော့ သူမရဲ့ ပြိုင်ပွဲဝင်ဗီဒီယိုလေးကို The Voice Myanmar ကထုတ်လွှင့်မှုမပြုခဲ့တဲ့အပေါ် လုပ်ဇာတ်လားလို့ မေးခွန်းထုတ် လာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…. ပရိသတ်ကြီးရဲ့ ထောင်ဇာ့အပေါ်အမြင်လေးကိုလည်းပြောခဲ့ကြပါအုန်းနော်။