"တစ်ဆောင်မှ တစ်ဆောင်ကို ဆေးပြေးထိုးစဉ်တစ်ဖြတ်တစ်ကတ်ပါ"လို့ဆိုလိုက်တဲ့ ဆရာဝန်မလေး ပိုးမမှီသာ

ပုရိသယောက်ကျားလေးတွေ အရမ်းကို ချစ်ပြီး အားပေးကြတဲ့ ဆရာဝန်မလေး ပိုးမမှီသာကတော့ အောင်မြင်တဲ့ မင်းသမီးတစ်လက် ဖြစ်နေပါပြီ။ ပိုးကို Sai Cosmeticကနေတစ်ဆင့် စတင်ပြီး သတိထားမိလာခဲ့ကာ နောက်ပိုင်းမှာ‌‌တော့ ကြော်ငြာရိုက်ကူးရေးတွေကို ဆက်တိုက်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ပိုးက ကြားထဲမှာ ဆေးကျောင်းလည်း တစ်ဖက် တက်နေရတော့ အနုပညာအလုပ်တွေကို ခနရပ်နားခဲ့ကာ စာတွေကြိုးစားရင်း မိဘတွေ လေးစားအားထားရတဲ့ ဒေါက်တာမလေး ပိုးမမှီသာ ဖြစ်လာခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ‌တော့ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်ပြီး "ပိတောက်ကတဲ့ ဂီတ"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုးမဒီဆိုတဲ့ အဓိကဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ကာ ပရိတ်သတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့ပါတယ်။

ခုတစ်ခါမှာတော့ ဆရာဝန်မလေး ပိုးက "တစ်ဆောင်မှ တစ်ဆောင်ကို ဆေးပြေးထိုးစဉ်တစ်ဖြတ်တစ်ကတ်ပါ"လို့ဆိုကာ ဝတ်စုံအပြည့်နဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ကွန်မန့်တွေမှာတော့ မိတ်ဆွေ အပေါင်းအသင်းနှင့်တကွ သူမရဲ့ ပရိတ်သတ်များက အထူးဂရုစိုက်ဖို့ကို စိုးရိမ်စိတ်တွေနဲ့ မန့်နေကြတာကို တွေ့ရပါတယ်။ အခုချိန်မှာ တစ်ဖက်တလှမ်းကနေ ကူညီပေးနေတဲ့ ဆရာဝန်မလေး ပိုးမမှီသာရဲ့ စိတ်ထားလေးကတော့ တကယ်ကို ချီးကျူးစရာလေးပါနော် ပရိတ်သတ်ကြီးရေ........။

Source; Poe Mamhe Thar