"အရင်ကတော့မြန်မာဝတ်စုံကို ကိုယ်ကြိုက်လို့ကိုယ်ဝတ်တာပါ ဒီတစ်ခါတော့ နင့်တစ်ယောက်တည်းအတွက်ဝတ်ပေးထားတာ"လို့ဆိုလာတဲ့ ‌အခြည်လေး

MRTV 4ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ "မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန"ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ နှင်းနွေဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ နာမည်ကြီးကာ လူသိများလာခဲ့ရတဲ့ သူကတော့ မင်းသမီးချောလေး နေခြည်ရွှန်းလက်ပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက အခြည်လေးလို့ ချစ်စနိုးခေါ်ကြပါတယ်။

အခြည်လေးဟာ ပိန်သွယ်ကပ်ချပ်တဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ဆံနွယ်ရှည်ရှည်လေးကြောင့်လည်း အလှပေါ်အယဉ်ဆင့်ကာ ချစ်တဲ့သူတွေ ပိုများလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အခြည်လေးက အားကစားတွေကို အဆက်မပြတ်လုပ်နေကာ အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုတွေကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာတော့ အခြည်လေးက "အရင်ကတော့မြန်မာဝတ်စုံကို ကိုယ်ကြိုက်လို့ကိုယ်ဝတ်တာပါ ..💗ဒီတစ်ခါတော့ နင့်တစ်ယောက်တည်းအတွက်ဝတ်ပေးထားတာ..☺️"လို့ဆိုကာ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ကဲ ဒီတစ်ခါ အခြည်လေး မြန်မာဝတ်စုံဝတ်ထားတာ ဘယ်သူ့အတွက် ဖြစ်မလဲ ခန့်မှန်းပေးခဲ့ကြပါအုံးနော် ပရိတ်သတ်ကြီးရေ.....။

Source; Nay Chi Shoon Lak