မြန်မာငွေသိန်း(၂၀၀) နီးပါးကုန်ကျမယ့် လိင်အင်္ဂါခွဲစိတ်မှုကို အလကားပြုလုပ်ခွင့်ရခဲ့ကြောင်း မျှဝေလာတဲ့ မျိုးကိုကိုစန်း

မျိုးကိုကိုစန်းကတော့ ယောက်ျားဘဝကနေ မိန်းမဘဝကိုလိင်အင်္ဂါကူးပြောင်းထားသူတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးအစစ်တွေအရှုံးပေးရအောင် သွယ်လျလှပတဲ့ခန္ဓာကိုယ်နဲ့ ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားသူပါ။ အခုလို လိင်အင်္ဂါပြောင်းတဲ့ခွဲစိတ်မှုကတော့ မြန်မာနိုင်ငံမှာ အရမ်းခေတ်မစားသေးပေမယ့် မျိုးကိုကိုစန်းကတော့ ငယ်စဉ်ကတည်းက ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို ရအောင်ဖန်တီးနိုင်ခဲ့သလို သူ့လိုပြောင်းလဲဖို့စိတ်ဝင်စားသူတွေအတွက် သူ့ရဲ့အတွေ့အကြုံလေးတွေကို မျှဝေခဲ့ပါတယ်။

မျိုးကိုကိုစန်း ပြောခဲ့တာကတော့ ” ခဏခဏမေးနေကြလို့ပါ Operation ဘယ်မှာလုပ်လဲဆိုပြီး ကိုကိုလုပ်ခဲ့တဲ့ ဆေးရုံက bangkokက Kamol Hospital မှာပါ ဆေးရုံဖက်က ခွဲစိတ်ခတွေ နေစရာထိုင်စရာတွေ အကုန် freeပေးတာပါ အဲ့လို freeရဖို့အတွက် 2016 Dec တုန်းက chatrium hotelမွာ interviewခေါ်တွေ့ပါတယ်။

အဲ့တုန်းတစ်နိုင်ငံလုံးက လိင်မပြောင်းရသေးတဲ့ transgenderတွေအကုန် interviewဖြေဖို့ ဆန္ဒရှိရင် သွားဖြေလို့ရပါတယ်။ အဲ့ထဲကမှ သူတို့ သဘောကျတဲ့ တစ်ယောက်ကိုပဲ သူတို့ sex reassigment surgery (လိင်ပြောင်းလဲသော ခွဲစိတ်မှု)ကို free ခွဲစိတ်ပေးမှာပါ။ ကံကောင်းထောက်မစွာတဲ့ ကိုကို အရွေးခံရပါတယ်။

အဲ့ဒီမှာ လုပ်ချင်ရင် ဘယ်လောက်ကုန်ကျမလဲဆိုရင်ဆေးရုံခနဲ့ ခွဲစိတ်ခတင် ဘတ်၃သိန်းကနေ ဘတ်၃သိန်းခွဲ အတွင်း (မြန်မာငွေကျပ် သိန်း150-180ခန့်) ကုန်ကျပါလိမ့်မယ်။ ဒါက နေထိုင်စားရိတ် စားစရိတ် လေယာဉ်လက်မှတ်အသွားအပြန် visaခတွေ မပါပဲ ဆေးရုံခွဲစိတ်ခ သပ်သပ် ပါပဲ။ တစ်နေရာနဲ့ တစ်နေရာ ခွဲစိတ်မှုပိုင်းဆိုင်ရာ နည်းပညာတွေ မတူကြသလို ဈေးနှုန်းတွေလည်းမတူညီကြပါဘူး။ ကိုကိုကတော့ နေစရာရော ဆေးရုံခပါ ဆေးရုံဘက်က ပေးတဲ့အတွက် လေယာဉ်လက်မှတ်နဲ့ စားစရိတ်ဖိုး 10နီးပါပဲ ကုန်ခဲ့ပါတယ် လူသုံးယောက် ၂၁ရက်စာ အတွက်ပါ။ ” ဆိုကာ မျှဝေခဲ့တာပါ။