သမီးလေး စံထိပ်ထားဦးရဲ့ ပညာရည်ထူးချွန်မှုကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ မေမေခိုင်သင်းကြည်

သမီးလေး စံထိပ်ထားဦးရဲ့ ပညာရည်ထူးချွန်မှုကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ မေမေခိုင်သင်းကြည်




Credit – CeleZone
Source – Khine Thin Kyi

ပရိသတ်ကြီးရေ ပရိသတ်တွေ ရဲ့အချစ်တော် ခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပါ။ ခိုင်သင်းကြည်ရဲ့ သမီးလေးဖြစ်တဲ့ စံထိပ်ထားဦးကလည်း မိခင်ရဲ့ အနုပညာအမွေကို ဆက်ခံမယ့်သူတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီး ပရိသတ် ချစ်ခင်မှုကို ရရှိနေပြီပဲဖြစ်ပါတယ်။

ထိပ်ထိပ်လေးကတော့ အနုပညာအလုပ်တွေမှာသာမက ပညာရေးမှာလည်း ထူးချွန်လှတဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာလည်း အနုပညာအလုပ်တွေလုပ်ကိုင်နေရင်းနဲ့ ပညာရေးဘက်မှာလည်း လစ်ဟင်းမှုမရှိအောင် ကြိုးစားပြီး ပညာရေးမှာလည်း ထူးထူးချွန်ချွန်နဲ့ မိဘဂုဏ်တက်ရတဲ့ သမီးကောင်းတစ်ယောက်ပါ။ လတ်တလောမှာလည်း ထိပ်ထိပ်လေးက စင်ကာပူနိုင်ငံရဲ့ နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ SIM မှာ စီးပွားရေးရဲ့ပတ်သက်ပြီး လေ့လာသင်ယူနေခဲ့ ပါသေးတယ်။

ထိပ်ထိပ်လေးရဲ့ ကျောင်းမှာစာမေးပွဲဖြေဆိုမှုရလဒ်ကတော့ တကယ်ကိုမှ ချီးကျူးရလောက်တဲ့ ရလဒ်တွေကို ရရှိပိုင်ဆိုင်ထားခဲ့ပြီး အခုလို သမီးလေးရဲ့ ထူးချွန်းမှုကြောင့် မိခင်ဖြစ်တဲ့ ခိုင်သင်းကြည်က “I am so poud of you My Love”ဆိုပြီး ဂုဏ်ယူနေခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ထိပ်ထိပ်လေးရဲ့ စာမေးပွဲရလဒ်ကလည်း တကယ်ကိုမှ ဂုဏ်ယူမဆုံးဖြစ် သင့်တဲ့ ရလဒ်မျိုးပါပဲ။

Credit – CeleZone
Source – Khine Thin Kyi