သီခ်င္းေဟာင္းေတြကို ျပန္ဆိုတာနဲ႔ပက္သတ္ၿပီး သူမကို ေဝဖန္ေျပာဆိုေနၾကတဲ့သူေတြကို ပညာသားပါပါတုံ႔ျပန္လိုက္တဲ့ ေမလသံစဥ္

ေမလသံစဥ္ကေတာ့ အႏုပညာအလုပ္ေတြကို ငယ္စဥ္တည္းက လုပ္ကိုင္ေနခဲ့တဲ့ အဆိုေတာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကိုလည္း အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ သူမကေတာ့ ခ်ိဳသာလြန္းတဲ့ အသံေလးေတြကို ပိုင္ဆိုင္ထားသူေလးျဖစ္ၿပီး အခ်စ္သီခ်င္းေလးေတြ ျမန္မာသံသီခ်င္းေလးေတြကို သီဆိုေလ့ရွိေနသူေလး ျဖစ္ပါတယ္။

သူမကေတာ့ ျပန္ဆိုေတးသီဆိုျခင္းအေပၚ ေဝဖန္မႈနဲ႔ ပက္သက္ၿပီး အခုလိုပဲ ေျဖရွင္းခဲ့ပါတယ္။ ” အသက္ ၁၈ မျပည့္​ေသး​ေပမယ့္ ကိုယ္တိုင္​ေရး ကိုယ္ပိုင္ သီခ်င္း​ေလး​ေတြ ဆိုခဲ့သလို ျပန္ဆို​​ေတး​ေလး​ေတြကိုလည္း ဆန္းသစ္ဆိုခဲ့ပါတယ္ေမလ သိသ​ေလာက္ အဆို​ေတာ္တိုင္းနီးပါး ျပန္ဆို​ေတး မဆိုဖူးသူ မရွိသ​ေလာက္ပါသီခ်င္းေတြနဲ႔ အလွမ္းေဝးေနသူေတြတိုင္းအတြက္ သီခ်င္းေဟာင္းေတြကလဲ အသစ္ျပန္ျဖစ္လာတာပဲမို႔ ေမလလဲ ျပန္ဆိုေနျဖစ္ဦးမွာေနာ္ 🎤

ေမလသံစဥ္မွာ ကိုယ္ပိုင္သီခ်င္းမရွိဘူးလား ေမးေနၾကသူေလးေတြအတြက္ 😉 ၂၀၁၆ခုႏွစ္ကထဲ ကိုယ္ပိုင္သံစဥ္သီခ်င္း အသစ္ေတြ ေရးခဲ့ဆိုခဲ့ပါတယ္ (ျပန္ဆုံစည္းခြင့္ ၊ ခဏ ၊ ေတာင္​ေပၚၿမိဳ႕​ေလး နယ္ကြၽံ အခ်စ္ ၊ တိတ္တခိုး​ေလးနဲ႔​ေျပာမယ္ မင္းကိုငါခ်စ္တယ္ ၊ လမ္းသစ္ဆီ အဲ့ သီခ်င္း​ေလး​ေတြ လူသိမ်ားပါတယ္။ ေမလ​ေရးတဲ့ တျခားသီခ်င္း​ေလး​ေတြလည္း လက္ခံၾကသူ​ေတြရွိပါတယ္) တျခားအဆိုေတာ္ေတြအတြက္လဲ သီခ်င္းသစ္ေတြ ေရးေပးျဖစ္ပါတယ္☺️

တီ​ေကာ္ဆိုခဲ့တဲ့ “အိမ္မွာ​ေနခ်င္တာ​ေပါ့ ” သီခ်င္း​ေလးကိုလည္း မွတ္မိၾကမွာပါ🥲အက်ိဳးျပဳသီခ်င္းေတြလဲေရးသလို 😀ေၾကာ္ျငာသီခ်င္းေတြနဲ႔ 💪ခြန္အားျဖစ္ေစတဲ့ သီခ်င္းေလးေတြလဲ ေရးခဲ့ပါတယ္ ✍️ လို႔ 😘😘😘အရင္ေခတ္တုန္းက သီခ်င္းေတြကေန ခုေခတ္သီခ်င္းေတြထိ ေလ့လာတယ္ ႏွစ္သက္တယ္ သီခ်င္းေတြကိုခ်စ္တယ္ ဂီတက္ိုျမတ္န္ိုးတယ္🎶🎼🎵ဒါေၾကာင့္အေဟာင္းေရာ၊အသစ္ေရာ အကုန္ဆိုေနမိမွာပဲ 😇 သီခ်င္း​ေဟာင္းျပန္ဆိုတာကို ေဖာင္းထု​ေနၾကသူ​ေတြ သိဖို႔ ရွင္းျပရတာ နည္းနည္း​ေမာသြားတယ္ 😏🤗အၿမဲနားလည္မႈရွိတဲ့ WeLove ေလး​ေတြေၾကာင့္ အားသစ္​ေတြ​ေမြးၿပီး ေမလသံစဥ္ သီခ်င္းေတြဆက္ဆို​ေနပါဦးမယ္ေနာ္🥰🥰🥰” ဆိုကာ ေျဖရွင္းခဲ့တာ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

Unicode

သီချင်းဟောင်းတွေကို ပြန်ဆိုတာနဲ့ပက်သတ်ပြီး သူမကို ဝေဖန်ပြောဆိုနေကြတဲ့သူတွေကို ပညာသားပါပါတုံ့ပြန်လိုက်တဲ့ မေလသံစဉ်

မေလသံစဉ်ကတော့ အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ချိုသာလွန်းတဲ့ အသံလေးတွေကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး အချစ်သီချင်းလေးတွေ မြန်မာသံသီချင်းလေးတွေကို သီဆိုလေ့ရှိနေသူလေး ဖြစ်ပါတယ်။

သူမကတော့ ပြန်ဆိုတေးသီဆိုခြင်းအပေါ် ဝေဖန်မှုနဲ့ ပက်သက်ပြီး အခုလိုပဲ ဖြေရှင်းခဲ့ပါတယ်။ ” အသက် ၁၈ မပြည့်​သေး​ပေမယ့် ကိုယ်တိုင်​ရေး ကိုယ်ပိုင် သီချင်း​လေး​တွေ ဆိုခဲ့သလို ပြန်ဆို​​တေး​လေး​တွေကိုလည်း ဆန်းသစ်ဆိုခဲ့ပါတယ်မေလ သိသ​လောက် အဆို​တော်တိုင်းနီးပါး ပြန်ဆို​တေး မဆိုဖူးသူ မရှိသ​လောက်ပါသီချင်းတွေနဲ့ အလှမ်းဝေးနေသူတွေတိုင်းအတွက် သီချင်းဟောင်းတွေကလဲ အသစ်ပြန်ဖြစ်လာတာပဲမို့ မေလလဲ ပြန်ဆိုနေဖြစ်ဦးမှာနော်

မေလသံစဉ်မှာ ကိုယ်ပိုင်သီချင်းမရှိဘူးလား မေးနေကြသူလေးတွေအတွက် 😉 ၂၀၁၆ခုနှစ်ကထဲ ကိုယ်ပိုင်သံစဉ်သီချင်း အသစ်တွေ ရေးခဲ့ဆိုခဲ့ပါတယ် (ပြန်ဆုံစည်းခွင့် ၊ ခဏ ၊ တောင်​ပေါ်မြို့​လေး နယ်ကျွံ အချစ် ၊ တိတ်တခိုး​လေးနဲ့​ပြောမယ် မင်းကိုငါချစ်တယ် ၊ လမ်းသစ်ဆီ အဲ့ သီချင်း​လေး​တွေ လူသိများပါတယ်။ မေလ​ရေးတဲ့ တခြားသီချင်း​လေး​တွေလည်း လက်ခံကြသူ​တွေရှိပါတယ်) တခြားအဆိုတော်တွေအတွက်လဲ သီချင်းသစ်တွေ ရေးပေးဖြစ်ပါတယ်☺️

တီ​ကော်ဆိုခဲ့တဲ့ “အိမ်မှာ​နေချင်တာ​ပေါ့ ” သီချင်း​လေးကိုလည်း မှတ်မိကြမှာပါ🥲အကျိုးပြုသီချင်းတွေလဲရေးသလို 😀ကြော်ငြာသီချင်းတွေနဲ့ 💪ခွန်အားဖြစ်စေတဲ့ သီချင်းလေးတွေလဲ ရေးခဲ့ပါတယ် ✍️ လို့ 😘😘😘အရင်ခေတ်တုန်းက သီချင်းတွေကနေ ခုခေတ်သီချင်းတွေထိ လေ့လာတယ် နှစ်သက်တယ် သီချင်းတွေကိုချစ်တယ် ဂီတက်ိုမြတ်န်ိုးတယ်🎶🎼🎵ဒါကြောင့်အဟောင်းရော၊အသစ်ရော အကုန်ဆိုနေမိမှာပဲ 😇 သီချင်း​ဟောင်းပြန်ဆိုတာကို ဖောင်းထု​နေကြသူ​တွေ သိဖို့ ရှင်းပြရတာ နည်းနည်း​မောသွားတယ် 😏🤗အမြဲနားလည်မှုရှိတဲ့ WeLove လေး​တွေကြောင့် အားသစ်​တွေ​မွေးပြီး မေလသံစဥ် သီချင်းတွေဆက်ဆို​နေပါဦးမယ်နော်🥰🥰🥰” ဆိုကာ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။