










crd-mmload

တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာလေးနဲ့ လိုက်ဖက်လွန်းတဲ့စုံတွဲပုံလေးတွေကြောင့် ချစ်စရာကောင်းလွန်းနေတဲ့ ဘုန်းမင်းနေလနဲ့သဇင်ထူးမြင့်

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်အချစ်တွေကိုအခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်ဆယ်လီရင်သွေးလေးတွေထဲမှာ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ကလည်း အပါအဝင်ပါပဲ..။

အကယ်ဒမီရွှေကြိုကနေ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ကာ ပရိသတ်အချစ်တွေကိုရရှိထားကြတဲ့ သူတို့နှစ်ယောက်ကတော့ အခုဆိုရင် ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာ လျှောက်လှမ်းရပ်တည်နေကြပြီပဲ ဖြစ်ပါတယ်နော်..။

အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်ခဲ့ကြတဲ့ ပရိသတ်အချစ်တော်လေးနှစ်ယောက်ကတော့ လတ်တလောမှာလည်း ကြော်ငြာလေးတွေလည်း အတူလက်တွဲရိုက်ကူးနေပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေ မြင်တွေ့ရမှာပါနော်..။

တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာလေးနဲ့ လိုက်ဖက်လွန်းတဲ့စုံတွဲပုံရိပ်လေးတွေကြောင့် ချစ်စရာကောင်းလွန်းလို့ မြင်သူတိုင်းက အချစ်ပိုအားကျနေကြရပြီး သဘောကျစေပါတယ်နော်..။

“မသဲနဲ့ Hearty Heart TVC လေးဒီနေ့ရိုက်ဖြစ်တယ်ထွက်လာရင်အားပေးကြပါအုံးနော် 💕✨..” ဆိုပြီး ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကို ဘုန်းမင်းက ပရိသတ်တွေကို အလွမ်းပြေလေး ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ သူတို့အနုပညာမောာင်နှမနှစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့ပုံစံလေးတွေနဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျအချစ်ပိုနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

crd-mmload