






 




crd-myanmarload

နေတိုးရဲ့ ခါးလေးကို ဖက်ကာ romantic ဆန်ဆန်ရိုက်ထားပြီး လူကြီးကိုချစ်လို့မရဘူးလား မေးလိုက်တဲ့ မေလသံစဉ်

ဒီတစ်ခေါက်မှာတော့ တေးသံရှင်မေလသံစဉ်ဟာ နေတိုးနဲ အတူromantic ဆန်ဆန် ရိုက်ကူးထားတဲ့ပုံလေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။လူငယ် တက်သစ်စ တေးသံရှင် တစ်ဦး ဖြစ်ပြီး ဝါရင့် တေးသံရှင်တွေရဲ့ သီချင်းကို coverပြန်ဆိုတဲ့ အခါမှာ ပရိသတ်တွေ ရဲ့ ရင်ထဲကို ရောက်ရှိခဲ့တာကြောင့် အခုတလော ပရိသတ်တွေ အကြားမှာ ရေပန်းစား အောင်မြင်နေတဲ့ တေးသံရှင် တစ်ဦးလည်းဖြစ်ပါတယ်။

သူမကတော့ အသံချိုချိုသာသာ လေးနဲ့ နားဆင်သူတိုင်း စိတ်အေးချမ်းသာယာမှုကိုပေးနိုင်တာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲ့တာ ဆိုရင်လည်းမမှားပါဘူး။ယခုအချိန်မှာလည်း အခြားတေးသံရှင်တွေ နဲ့အတူ သီချင်းတွေကို လိုက်ဖက်ညီညီ သီဆိုနေပြီး သီချင်းအယ်ဘမ်လ် တွေထုတ်နေကာ ဂီတလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲ ဖြစ်ပါတယ်။

မေလသံစဉ်ဟာ သီချင်းအဆိုကောင်းရုံသာမက သီချင်းတွေကိုပါ ရေးနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်းတစ်နေ့တာ ဗီဒီယိုလေးတွေကို ရိုက်ပြီးတင်ကာ ပရိသတ်တွေနဲ့အဆက်အသွယ် မပျက်ရှိနေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း မြင်သူတိုင်းအံ့အားသင့်သွားမယ့် ပုံလေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။

နေတိုးရဲ့ ခါးလေးကို ဖက်ပြီး မျက်လွှာလေးကို ချကာ romantic ဆန်ဆန် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီပုံလေးထဲမှာ နှစ်ယောက်သား လိုက်ဖက်ညီနေပြီး ပရိသတ်တွေ အသည်းယားကာ ချစ်နေကြတော့မှာ အမှန်ပဲ ဖြစ်ပါတယ်။

လူငယ် တစ်ယောက်က လူကြီး တစ်ယောက်ကို ဖတ်ထားပြီးလူကြီးကို ချစ်လို့မရဘူးလား ဆိုတဲ့ခေါင်းစဉ်လေးတပ်ပြီး ဖော်ပြလာတာကိုပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရဲ့ romantic ဆန်ဆန် ရိုက်ထားတဲ့ပုံလေးတွေကိုကြည့်ပြီး အချစ်တွေ ပေးလိုက်ကြပါဦးနော်….။

crd-myanmarload