အသားကပ္အက်ႌေလးဝတ္ကာ ထိရက်စရာမရှိလောက်အောင် ဆွဲဆောင်မှုရှိရှိလန်းနေတဲ့ ပိုပို

ပိုပိုကတော့ သီချင်းအေးအေးလေးတွေရယ် ချိုသာတဲ့ အသံလေးတွေရယ်နဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တေးသီချင်းအမျိုးအစား အစုံအလင်ကို သီဆိုနိုင်စွမ်းရှိတဲ့ ပိုပိုက သီချင်းကောင်းလေးတွေ အများအပြားထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။ ပိုပိုရဲ့သီချင်းတော်တော်များများကလည်းလူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ် ။

ပိုပိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို အများအပြားလက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးတွေလည်းတောက်လျှောက်ထွက်နေတာဖြစ်ပြီး ခရီးသွားပုံလေးတွေကိုလည်း ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။မကြာခင်ကမှထွက်ရှိထားတဲ့ အရိပ်ကလေးလို သီချင်းဗီဒီယိုလေးဟာလည်း ပရိသတ်တွေကြားရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။

အခုမှာတော့ အသားကပ်အင်္ကျီလေးဝတ်ကာ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ အလှတရားတွေနဲ့ ပုရိသတွေကို ရင်ခုန်စေပြန်တဲ့ ပုံရိပ်လေးတွေကို သူရဲ့ အကောင့်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေက မိမိုက်လွန်းနေတာကြောင့်  ပရိသတ်ကြီးအတွက် ပိုပိုရဲ့ အမိုက်စားပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေမှာလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo – Po Po