ရန်ကုန်ပြည်သူ့ဆေးရုံကြီး Covid 19 ကုသရေးအထူးကြပ်မတ်ဆောင်ဌာနအတွက် လိုအပ်နေသော Patient Monitor နှစ်လုံး နှင့် ရေသန့်ဘူး အလုံး 5000အား လှူဒါန်းခဲ့တဲ့ ရွှေကစ်လေး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ အောင်မြင်တဲ့နေရာတစ်ခုမှာ ရပ်တည်နေပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်လျှက် ရှိနေပါတယ်။ သူမရဲ့ အိမ်ခေါ်နာမည်လေးကတော့ ကစ်ပါ။ ဒါ့အပြင် ရွှေကစ်လေးဟာ "ဝင်္ကပါစံအိမ်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Asia Awardဆုကို ရရှိထားတဲ့ လေးစားရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ရွှေကစ်လေးက လတ်တလောမှာ‌တော့ ကြော်ငြာရိုက်ကူးရေးတွေကို အဆက်မပြတ် လုပ်ဆောင်နေပြီး အလှူအတန်းနဲ့ ပရဟိတတွေကိုလည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ရွှေကစ်လေးရဲ့ ညမဖြစ်သူ နဒီရွှေရည်ရဲ့ သားလေးနဲ့ ဆော့ကစားကာ အမြဲလိုလို ချစ်စရာ Videoလေးတွေကို မျှဝေပေးလေ့ ရှိပါတယ်။ခုတစ်ခါမှာတော့ ရွှေကစ်လေးက မွန်မြတ်တဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ကစ်က "ယနေ့ ပြုသောကုသိုလ် လေးပါရှင့်။ 

ယခုလို Covid 19 ရောဂါကြောင့်ကျန်းမာရေးအတွက် အားလုံးစိုးရိမ်ပူပန်နေရတဲ့ အချိန်မှာ ကစ်လည်း တတ်နိုင်တဲ့ဘက်ကနေ အလှူလေးကို ယနေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Covid 19 ကုသရေးအထူးကြပ်မတ်ဆောင်ဌာန အတွက်လိုအပ်နေသော Patient Monitor 2 နှစ်လုံး နှင့် ရေသန့်ဘူး အလုံး 5000 လှူဖြစ်ပါတယ်။ယနေ့ပြုသောကုသိုလ်ကြောင့် ဘေးဆိုးကပ်ဆိုးရောဂါဆိုးရန်မှ အမြန်ဆုံးကင်းဝေးကြပါစေ လို့ ဆုတောင်းပြုပါတယ်နော် ♥️"လို့ဆိုကာ ချစ်ပရိတ်သတ်တွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ မွန်မြတ်တဲ့အလှူလေးအတွက် သာဓုပါ ရွှေကစ်လေးရေ။

Source; Wutt Hmone Shwe Yi