"လူကတော့ စာအုပ်စင်ရှေ့ စိတ်ကတော့မင်းဆီမှာ"လို့ ဆိုလာတဲ့ မင်းသမီးချောလေး နန်းစုရတီစိုး

အဆိုတော် သရုပ်ဆောင် မင်းသမီးချော နန်းစုရတီစိုးကတော့ အရုပ်မလေးမျက်နှာကို ပိုင်ဆိုင်ထားပြီး သေးသွယ်လှပတဲ့ ခန္ဒာကိုယ်လေးကြောင့် ပရိတ်သတ်တွေချစ်ရတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နန်းစုရဲ့ အချစ်ရေးကတော့ လက်ရှိမှာ တစ်ယောက်တည်းဘဝနဲ့ အေးအေး‌ဆေးဆေး ဖြစ်နေပါတယ်။

လက်ရှိမှာတော့ နန်းစုက သရုပ်ဆောင် မင်းသားချော မင်းသွေးခန့်နဲ့ သရုပ်ဆောင်ထားတဲ့ "အလွမ်းရာသီ"ဆိုတဲ့ Music Videoလေး ထွက်ရှိထားပါတယ်။ နန်းစုရဲ့ ပရိတ်သတ်တွေကတော့ သူမရဲ့ ထွက်သမျှသီချင်းတိုင်းကို တခဲနက်အားပေးကြတာကို တွေ့ရပါတယ်။ နန်းစုဟာ သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် အမြဲလိုလို သူမရဲ့ လှုပ်ရှားမှုတိုင်းကို မျှဝေပေးလေ့ ရှိပါတယ်။

ခုတစ်ခါမှာ‌တော့ နန်းစုက "လူကတော့ စာအုပ်စင်ရှေ့ စိတ်ကတော့မင်းဆီမှာ"လို့ ဆိုကာ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ စိတ်ကတစ်ခြားဆီကို ရောက်နေတဲ့ နန်းစုရဲ့ လှပတဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source; Nansu Yati Soe