"YouTube Video"လေးတွေကြည့်ပြီး မြန်မာ့လက်မှုပညာလေးတွေကို လေ့လာဆည်းပူးနေတဲ့ မော်ဒယ်ဟန်တီ

အသက်ငယ်ငယ်လေးနဲ့ Miss Myanmar World တစ်ယောက်ဖြစ်ခဲ့တဲ့ ဟန်တီကတော့ အခုဆိုရင် မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။ ဟန်တီဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ကိုရီးယားဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ဟန်တီလေးက "The Mask Singer Myanmar"မှာ ဇီးကွက်မျက်နှာဖုန်း ပိုင်ရှင်လေးအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါ့အပြင် "Dancing with the Stars"အစီအစဉ်မှာလည်း ကပြဖျော်ဖြေကာ ယှဉ်ပြိုင်ခဲ့ပါတယ်။ မော်ဒယ်တစ်ယောက်ဖြစ်တဲ့အပြင် အဆိုရော အကရော ထူးချွန်တဲ့ သူမကိုတော့ ပရိတ်သတ်တွေက အချစ်တွေ ပိုကာ အထူး အားပေးကြတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ ဟန်တီလေးက "YouTube Video"လေးတွေကြည့်ပြီး မြန်မာ့လက်မှုပညာလေးတွေကို လေ့လာဆည်းပူးနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ ဟန်တီက "ဒီနေ့ Youtube video လေးနောက်ကျနေပါတယ်ရှင့်! ပုံလေးတွေကြည့်ရင်း ခဏလေးစောင့်ပေးပါနော်! ပြီးရင်လည်း ပုံတွေထပ်တင်ပေးမယ်နော်! "လို့ဆိုကာ အသိပေးမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

Source; Han Thi